She Walks in Darkness (2025) IMDb Rating (6.6) / Rotten Tomatoes (64%) She Walks in Darkness ဆိုတဲ့စပိန်ဇာတ်ကားလေးဟာဆိုရင် စပိန်နိုင်ငံရဲတပ်ဖွဲ့ဖြစ်တဲ့ Guardia Civil က အရာရှိမလေး Amaia ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ကားလေးဖြစ်ပါတယ်။ သူမရဲ့ မစ်ရှင်က ETA လို့ခေါ်တဲ့ ဘက်စ်ခ် အကြမ်းဖက်အဖွဲ့ထဲကို လျှို့ဝှက်အသွင်ယူပြီး ထိုးဖောက်ဝင်ရောက်ဖို့ပါ။ သူက သူတို့ ဖွက်ထားတဲ့ လက်နက်ဂိုဒေါင်တွေ (zulos) ကို ရှာဖွေဖော်ထုတ်ရပါတယ်။ Amaia တစ်ယောက် လျှို့ဝှက်အဖွဲ့ထဲမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရပါတယ်။ အဲဒီလို နေထိုင်ရတော့ ကိုယ့်ရဲ့ ဘဝအမှန်၊ ရည်ရွယ်ချက်တွေကြားမှာ ခွဲခြားမရတော့တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းရိုက်ပြထားပါတယ်။ ဒါရိုက်တာက Agustín Díaz Yanes ပါ။ သမိုင်းနောက်ခံနဲ့ လူ့စိတ်ခံစားမှုတွေကို ဦးစားပေးပြီး ရိုက်ကူးထားတာမို့ ပေါက်ကွဲသံတွေထက် လူတစ်ဦးရဲ့ ဘဝပျက်စီးသွားပုံကို ငြိမ်ငြိမ်လေးနဲ့ ထိထိမိမိပြသွားတဲ့ ကားကောင်းတစ်ကားပါပဲ။ အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခတ်မှုတွေ သိပ်မပါပေမယ့် slow burn အမျိုးအစားကြည့်ရတာကြိုက်တဲ့သူတွေအတွက် Spain ကားကောင်းတစ်ကားပါ။ File size… (1.3 GB) / (830 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:49:10 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်