The Ides of March (2011) IMDB : 7.1 Rotten Tomatoes : 84% Genre : Thriller / Drama The Ides of March က George Clooney ရိုက်ကူးထားတဲ့ Thriller / Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ တော်တော်လေးကြည့်လို့ကောင်းပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေလည်းပါတာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း စတီဖင် မေယာ (Ryan Gosling) က အမေရိကန်သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်မယ့် အုပ်ချုပ်ရေးမှူး မိုက်မောရစ် (George Clooney) ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ လုပ်နေတဲ့ လူငယ်မန်နေဂျာတစ်ဦးဖြစ်ပါတယ်။ ငယ်ပေမဲ့ တော်သောကြောင့် မိုက်မောရစ်ရဲ့ လူယုံတစ်ဦးဆိုလည်းမမှားပါဘူး။ စတီဖင်မေယာက မိုက်ကိုအကြွင်းမဲ့ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်။ သို့ပေမဲ့ မထင်မှတ်ထားတဲ့ အကွေ့တစ်ခုမှာ ခွာပြဲဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါ။ မိုက်အဖြစ် မင်းသား George Clooney စတီဖင်အဖြစ် မင်းသား Ryan Gosling ပေါလ်ဇာယာအဖြစ် မင်းသား Philip Seymour Hoffman တွမ်အဖြစ် မင်းသား Paul Giamatti သတင်းထောက်မလေးအဖြစ် မင်းသမီး Marisa Tomei တို့ကအားဖြည့်ထားပါတယ်။ ခံစားကြည့်လိုက်ကြပါ။ File size… 1.8 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Thriller, Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်