Sunshine (2025) ဒီစီးရီးလေးကတော့ Netflix ကနေ Streaming လုပ်ထားပြီး IMDb rating 7.4/10 ရရှိထားတဲ့ အားကစားနောက်ခံ ဒရာမာ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒါရိုက်တာ Antoinette Jadaone ရဲ့လက်ရာ ... Maris Racal ၊ Meryll Soriano နဲ့ Charm Miranda အပြင် နာမည်ကြီး သရုပ်ဆောင်များစွာ အားဖြည့်ပါဝင်ထားပါတယ်။ ဆုပေါင်း ၆ ခု ရရှိခဲ့ပြီး ဆန်ကာတင် ၇ ဆုထိ ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ကမ္ဘာ့ဂျွမ်းဘားချန်ပီယံပြိုင်ပွဲရမယ့် အချိန် ၂ လအလို ခြေစစ်ပွဲ ဝင်ရမယ့် အမျိုးသားလက်ရွေးစင် ဂျွမ်းဘားမယ်လေး၊ မထင်မှတ်ထားတဲ့ ကြုံလာရတဲ့ အခက်အခဲ အကျပ်အတည်းတွေ၊ ရုန်းကန်ရတာတွေ နဲ့ သူ့ဘဝအတွက် ရှင်းလင်းပြတ်သားနေတဲ့ ဘဝရည်မှန်းချက် အောင်မြင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အားထုတ်ကြိုးပမ်းပုံကို ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်းရှိုင်းဟာ အာရှဂိမ်းတွေမှာ ရွှေတံဆိပ်ရထားတဲ့ အမျိုးသားလက်ရွေးစင် ဂျွမ်းဘားမယ်ဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကတည်းကနေ ဂျွမ်းဘားကို အထူးအားထုတ်ကြိုးပမ်းခဲ့ပြီး သူဟာ ဆီးဂိမ်းပွဲအတွက်ရော ကမ္ဘာ့ချန်ပီယံ ဂျွမ်းဘားခြေစစ်ပွဲအတွက်ရော လေ့ကျင့်ရေးကို နည်းပြနဲ့အတူ နေ့စဉ် ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ သူ ခြေစစ်ပွဲဝင်ဖို့ကလည်း ၂ လ လောက် ကျန်တော့တဲ့အချိန်မှာ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း သိသွားခဲ့ပါတယ်။ ဘဝရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့ ဆန်းရှိုင်းဟာ တရားမဝင်နည်းလမ်းနဲ့ ကိုယ်ဝန်**ဖို့ ကြံစည်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့ကလေးမလေး ပေါ်လာပြီး သူ့နောက်ကို တစ်ကောက်ကောက် လိုက်ပါနေခဲ့ပါတယ်။ အဲဒီကလေးမလေးဟာ အံ့ဩစရာ ကောင်းလောက်အောင်ကို သူ့အတွေးကို ဖတ်နိုင်တဲ့သူလို ဆန်းရှိုင်းလုပ်တော့မယ့်အရာတွေကို လိုက်လံ ပြောကြားနေခဲ့ပါတယ်။ ဒီလိုနဲ့ ဆန်းရှိုင်းဟာ .. အမေတစ်ယောက်ဖြစ်ဖို့ထက် ကမ္ဘာ့ဂျွမ်းဘားချန်ပီယံဖြစ်ချင်တဲ့ ရှင်းလင်းပြတ်သားတဲ့ သူ့ဘဝရည်မှန်းချက်ကို သူ တကယ်ရော ပြည့်ဝအောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ... File size…1.81GB / 845MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Life, Sport, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်