Power Ballad (2026) 4K HEVC +++++++++++ IMDb Rating (7.1) / Rotten Tomatoes (87%) ရယ်လည်းရယ်ရပြီး ချစ်စရာကောင်းတဲ့ ဂီတရုပ်ရှင်အသစ်ပါ။ ဒီဇာတ်ကားလေးကတော့ Sing Street, Once နဲ့ Begin Again လို ဂီတအသားပေး ဇာတ်ကားကောင်းတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John Carney ရဲ့ ၂၀၂၆ ထွက် Musical Comedy-Drama ကားသစ်လေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့အပြင် Paul Rudd နဲ့ Nick Jonas တို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုတွေကလည်း တော်တော်လေး လိုက်ဖက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ ရစ်ခ် (Paul Rudd) က အရင်က အောင်မြင်ချင်တဲ့ အိပ်မက်တွေရှိခဲ့ပေမဲ့ အခုတော့ အိုင်ယာလန်မှာ အခြေချပြီး မင်္ဂလာဆောင်တွေမှာ သီချင်းလိုက်ဆိုနေရတဲ့ အဆိုတော်တစ်ယောက်ပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာ သီချင်းသွားဆိုရင်း (Boy band) အဆိုတော်ဟောင်း ဒန်နီ (Nick Jonas) နဲ့ ဆုံဖြစ်သွားတယ်။ ဒန်နီကလည်း တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ဖို့ ရုန်းကန်နေရတဲ့အချိန်ဆိုတော့ သူတို့နှစ်ယောက် သီချင်းတွေအကြောင်းပြော၊ အတူတူ သောက်စားရင်း ခင်သွားကြတယ်။ အဲဒီညမှာ ရစ်ခ်က သူကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုပြလိုက်မိတယ်။ ပြဿနာက ခြောက်လလောက်ကြာတော့ စောစောက ဒန်နီဆိုတဲ့ကောင်က ရစ်ခ်ရဲ့သီချင်းကို ခိုးပြီး သူ့နာမည်နဲ့ ထုတ်လိုက်တာပါပဲ။ သီချင်းကလည်း တအားပေါက်သွားတော့ ရစ်ခ်တစ်ယောက် သူ့သီချင်းဆိုတာကို သက်သေပြဖို့ ကြိုးစားရပါတော့တယ်။ အလုပ်တွေပြုတ်၊ မိန်းမနဲ့လည်း ပြဿနာတက်ပြီး လော့စ်အိန်ဂျလိစ် (LA) အထိသွားကာ ဒန်နီကို ရင်ဆိုင်တဲ့အခါ ဘာတွေဆက်ဖြစ် မလဲဆိုတာကို ရယ်စရာရော၊ လွမ်းစရာပါ ရောပြီး ကြည့်ရမယ့် ဇာတ်ကားလေးပါ။ ဂီတအနုပညာကို တကယ်ချစ်တဲ့စိတ်နဲ့ အောင်မြင်မှုကို အလွယ်တကူလိုချင်တဲ့ လောဘကြားက ကွာခြားချက်တွေကို သရော်ထားတာလေးတွေက တော်တော်လေး ထိမိပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝ၊ မိသားစုနဲ့ အောင်မြင်မှုကြားက ဗျာများရပုံတွေကို ပေါ့ပေါ့ပါးပါးဟန်လေးနဲ့ တင်ဆက်ထားလို့ ကြည့်ရတာ တန်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းပါရစေ။ အထူးသဖြင့် Paul Rudd ရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကောင်ကို ပိုပြီး သနားစရာ၊ အားပေးချင်စရာ ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ John Carney က ရိုက်ကူးထားပြီး Paul Rudd နဲ့ Nick Jonas တို့အပြင် Jack Reynor နဲ့ Havana Rose Liu တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ကားကြာချိန်ကတော့ ၁ နာရီနဲ့ ၃၈ မိနစ်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ File Size… ( Coming Soon)/(1.66GB) / (854MB) Quality… WEB-DL 4K HEVC /1080p HEVC / 720p Format…mkv / mp4 Duration…1h 38m Genre ….Comedy , Drama , Music , Musical Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်