Step Up 3D က ဇာတ်ကားတွဲရဲ့ တတိယမြောက်ကားဖြစ်ပြီး ဒုတိယကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M. Chu ကပဲ 3D နည်းပညာနဲ့ ဆက်ရိုက်ထားပါတယ်။ အရင်ကားထဲက ဇာတ်ကောင်တချို့ ပြန်ပါလာပြီး ဒီတစ်ခါ မုစ်က အဓိကနေရာကနေ ပါဝင်လာတယ်။ မုစ်ဟာ MSA အဖွဲ့နဲ့ အကပြိုင်ခဲ့ပြီးနောက် မိဘတွေကို နောက်ထပ်မကတော့ဘူးလို့ ကတိပေးထားပါတယ်။ အင်ဂျင်နီယာဘာသာရပ် သင်ဖို့ NYU ကို ရောက်လာပေမယ့် အကဝါသနာကို မစွန့်နိုင်ဘဲ ကပွဲတစ်ခုမှာ ဝင်ကမိတယ်။ အဲဒီကနေ ပြဿနာတက်တော့ လုခ်ဆိုတဲ့လူက သူ့ကို ကယ်ပေးလိုက်ပါတယ်။ လုခ်က အကပါရမီရှိသူတွေကို စုစည်းပြီး သူ့ဂိုထောင်မှာ အတူနေစေထားသူပါ။ သူတို့အဖွဲ့နဲ့ ဆုကြေးငွေ တစ်သိန်းရှိတဲ့ World Jam ပြိုင်ပွဲကို ဝင်ပြိုင်ချင်နေတယ်။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့သူတွေကလည်း လုခ်တို့ရဲ့ ပြိုင်ဘက်တွေဖြစ်နေတာကြောင့် လုခ်က မုစ်ကိုပါ အဖွဲ့ထဲဝင်ဖို့ စည်းရုံးလိုက်ပါတယ်။ အဲဒီအချိန်မှာ နာတာလီဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက်လည်း အဖွဲ့ထဲ ရောက်လာတယ်။ ကျောင်းကိစ္စ၊ ကောင်မလေးကိစ္စတွေနဲ့ မုစ်တစ်ယောက် ပြိုင်ပွဲကို ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား။ လုခ်ကရော သူစုစည်းထားတဲ့လူတွေကို ဒီနေရာမှာ ဆက်နေခွင့်ရအောင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ။ အဖွဲ့ထဲကို ရောက်လာတဲ့ နာတာလီဟာ ဘယ်သူလဲဆိုတာလည်း တဖြည်းဖြည်း သိလာရမှာပါ။
ဇာတ်ကားကြည့်ရန်