Silence (2016) IMDb Rating (7.2) / Rotten Tomatoes (83%) ဂန္တဝင်ဂျပန်စာရေးဆရာကြီး " Shūsaku Endō " ရဲ့ ၁၉၆၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ " Silence " ဆိုတဲ့ ဝတ္ထုစာအုပ်ကို ဒါရိုက်တာကြီး " Martin Scorsese " မှ " Liam Neeson " " Andrew Garfield " " Adam Driver " " Nana Komatsu " စသည့် နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်/ဂျပန်သရုပ်ဆောင်များနှင့်အတူ ရုပ်ရှင်တစ်ပုဒ်အဖြစ်အသက်သွင်းခဲ့ပါတယ်။ ၁၇ရာစုနှစ်ကာလ ဂျပန်မှာ ခရစ်ယာန်ဘာသာဝင်ပေါင်းများစွာ ဖိနှိပ်ညှင်းဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြောင်း ရှာဖွေတွေ့ရှိခဲ့ရင် အရင်ဆုံးဖမ်းဆီးပါတယ် ပြီးရင်တော့ အထက်လူကြီးများရှေ့မှာ ခရစ်တော်ရဲ့ရုပ်ပုံကိုတက်နင်းခိုင်းခြင်း လက်ဝါးကပ်တော်ကို တံတွေးထွေးခိုင်းခြင်းစသဖြင့် ခရစ်ယာန်ဘာသာကိုမကိုးကွယ်ကြောင်းသက်သေပြရပါတယ်။ သူတို့ခိုင်းသလိုမလုပ်ဘူးဆိုရင်တော့ ရက်ရက်စက်စက်နှိပ်စက်ကာ သတ်ဖြတ်ပစ်ပါတော့တယ်။ ပေါ်တူဂီမှ ဘုန်းတော်ကြီးနှစ်ပါးဖြစ်တဲ့ " Rodrigues " နဲ့ " Garrupe " တို့နှစ်ယောက်ဟာ ဘုန်းတော်ကြီး " Ferreira " ရဲ့ ပေးပို့လိုက်တဲ့စာတစ်စောင်ကိုဖတ်ပြီးသောအခါမှာတော့ ဂျပန်ပြည်ကိုသွား၍ ဘုန်းတော်ကြီး " Ferreira " ကိုသွားရှာရဖို့ဖြစ်လာပါတော့တယ်။ စာပါအကြောင်းအရာများကတော့ ဂျပန်တို့ သူ့ကိုဖမ်းမိ၍ apostatize ( ယုံကြည်ကိုးကွယ်ရာဘာသာအယူဝါဒ / နိုင်ငံရေးဝါဒ /ရပ်တည်ချက်များကိုစွန့်ပယ်ခြင်း ) လုပ်လိုက်ရကြောင်းဆိုပြီးစသဖြင့်ပါရှိပါတယ်။ ဒီတော့ ဘုန်းတော်ကြီးနှစ်ပါး ဂျပန်ပြည်ကို တရားမဝင်နည်းလမ်းနဲ့ခိုးဝင်ခဲ့ကာ ဘုန်းတော်ကြီး " Ferreira " ရဲ့အကြောင်းများကို စုံစမ်းကြရင်း ခရစ်ယာန်ဘာသာသာသနာပြန့်ပွားရေးအတွက်ပါ တစ်ပါတည်းလုပ်ဆောင်ကြဖို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ ဘုန်းတော်ကြီးနှစ်ပါးဟာ သူတို့ရည်ရွယ်ချက်အတိုင်း တာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်နိုင်မလား? ဘုန်းတော်ကြီး " Ferreira " ကိုရောရှာတွေ့နိုင်ပါ့မလား? ခရစ်ယာန်ဘာသာဝင်ဆိုတာနဲ့ဖိနှိပ်တတ်တဲ့ဂျပန်ပြည်ကနေရော အသက်ရှင်လျှက်လွတ်မြောက်နိုင်ပါ့မလား? ဆိုတာကို ဂျပန်ပြည်၏ ၁၇ရာစုကာလ ကျွန်းအလှ ကျွန်းဆွယ်အလှ ရိုက်ချက်လှလှများနှင့် ဒါရိုက်တာကြီး " Martin Scorsese " ၏လက်ရာနှင့်ပေါင်းစပ်ကာ မျက်စိပဒဿအေးချမ်းစွာဖြင့်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File size… (3.4 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History Duration…. 02:41:29 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်