ဒီကားဟာ ထူးခြားတဲ့ ဇာတ်အိမ်နဲ့အတူ စိတ်ပညာပိုင်းဆိုင်ရာ အားပြိုင်မှုတွေကို Dark Comedyနဲ့ ဒရမ်မာပုံစံမျိုး ရောစပ်တင်ဆက်ထားတဲ့ စိတ်ဝင်စားစရာ ကိုရီးယားရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ဘဝကို လက်လျှော့ပြီး အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ထဲကို လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက် အတင်းအဓမ္မ ဝင်ရောက်စီးနင်းရာကနေ စတင်ပါတယ်။ အိမ်ပိုင်ရှင်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ထိုအိမ်ထဲမှာပဲ ရက်ပေါင်းများစွာ အခြေချနေထိုင်ကာ အပြင်ကလူတစ်ယောက်ကို စောင့်ကြည့်ဖို့ ကြိုးစားနေတဲ့ အဆိုပါအမျိုးသမီးရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဆန်းကြယ်စွာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာပါ။ ဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်နဲ့ အလှည့်အပြောင်းတွေကို ကြိုတင်မသိဘဲ ကြည့်ရှုခြင်းက ဒီရုပ်ရှင်ရဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ရှိန်ကို အပြည့်အဝ ခံစားရစေမှာ ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်