The Pact (2012) IMDb Rating (5.7) / Rotten Tomatoes (65%) Arrowverse မှာ Sara Lance အဖြစ်ပါဝင်ခဲ့ပြီး ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ မမ Caity Lotz ရဲ့ဟော်ရာဇာတ်ကားပါ။ အန်နီနဲ့နစ်ကိုးလ်တို့ဟာတစ်ယောက်တစ်နေရာဆီနေထိုင်တဲ့ ညီအစ်မတွေဖြစ်ပြီးအခုတော့ သူတို့မိခင်ရဲ့ဈာပနအတွက်ဆုံဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အန်နီရောက်မလာသေးခင် နစ်ကိုးလ်တစ်ယောက်သူတို့မိခင် အိမ်ကနေအစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့ပြီးအန်နီကိုယ်တိုင်ရောက်လာချိန်မှာလည်း ပရလောကသားတစ်ဦးရဲ့အကြမ်းပတမ်းခြောက်လှန့်မှုကြောင့် တူမလေးကိုခေါ်ပြီးညသန်းခေါင် အိမ်ကနေထွက်ပြေးရတဲ့အထိဖြစ်ခဲ့ပါတယ်။ အန်နီတစ်ယောက် သူ့အစ်မတွေရဲ့ပျောက်ဆုံးမှုကိုဖြစ်တဲ့နည်းနဲ့ဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီး ရေဆုံးရေဖျားလိုက်စုံစမ်းချိန်မှာတော့ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေနဲ့အတူသူကိုယ်တိုင်အသက်လုရုန်းကန်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပြီး အစကနေ အဆုံးထိ မထတမ်းဆွဲဆောင်နိုင်တဲ့ဟော်ရာကားကောင်းဖြစ်ပါတယ်။ File size… (940 MB) / (630 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Thriller Duration…. 01:29:16 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်