Sam Coleman ပါဝင်သော ဇာတ်ကားများ
3 ကား
အခုတစ်ခါ ကျွန်တော်တို့ တင်ဆက်ပေးချင်တာကတော့ မက်တယ်ဟက်တွေ ရော်ကာတွေ လက်မလွှတ်သင့်တဲ့ ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့\ နော်ဝေ Black Metal ဂီတကိုဖန်တီးခဲ့ပြီး Mayhem တီးဝိုင်းကိုလည်း တည်ထောင်ခဲ့တဲ့ Euronymous ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုကို ရိုက်ပြထားတဲ့ Lords of Chaos ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်…။ ၁၉၈၇ ခုနှစ် နော်ဝေနိုင်ငံ အော်စ်လိုမြို့မှာ ၁၇ နှစ်အရွယ် နော်ဝေလူငယ်လေးတစ်ယောက်ဟာ Mayhem တီးဝိုင်းကို စတင်တည်ထောင်ခဲ့ပါတယ်.. Mayhem တီးဝိုင်းကို အနာဂတ်မှာ(ယနေ့မှာ) နော်ဝေ ဘလက်ခ် မက်တယ် ဂီတကို စတင်ဖန်တီးခဲ့သူတွေထဲက တီးဝိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုထားကြပါတယ်… သူတို့ရဲ့ဂီတတွေဟာ ဘလက်ခ် မက်တယ် ဂီတလောကကို လွှမ်းမိုးမှုတွေ အများအပြားရှိနေပါတယ်… ဒီဇာတ်ကားထဲမှာ သူတို့တွေရဲ့ စိတ်အားထက်သန်မှုတွေ ကစဉ့်ကလျားဖြစ်မှုတွေ သောင်းကျန်းမှုတွေ အကြောင်းကို မျက်ဝါးထင်ထင်မြင်ရမှာဖြစ်ပါတယ်… ရက်စက်တဲ့ လူသတ်မှုတစ်ချို့ ပါဝင်တဲ့အတွက် ၁၈ ပြည့်မှ ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်….။ (သေချာတာကတော့ ကလေးကြိုက်ကားလည်း မဟုတ်ပါဘူး) IMDb ကလည်း 6.4/10 ရရှိထားပါတယ်..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (800 MB) Quality : WEB-DL 720p Running Time : 1h 58min Format : Mp4 Genre : Biography, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL X264 AC3-SeeHD Translated by Zuel Khant Thwin Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်Lords of Chaos
2018
Leatherface (2017) IMDb - 5.0/10 တက္ကဆက်ပြည်နယ်လူသူမနီးတဲ့နေရာတစ်ခုမှာခြောက်သွေ့ထူးဆန်းပြီးSawyerအိမ်ကြီးတစ်အိမ်ရှိပါတယ် အဲ့ဒီအိမ်မှာနေကြတဲ့မိသားစုနာမည်ကိုအစွဲပြုပြီးမှည့့်ထားတာပါ Sawyer မိသားစုပေါ့ဗျာ အဲ့ဒီအိမ်ကြီးကလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သိပ်ပတ်သတ်မှုမရှိတဲ့မိသားစုပါ Antiဖြစ်နေလားတော့မသိ အဲ့ဒီအိမ်ကြီးထဲရောက်လာတဲ့သူမှန်သမျှက နည်းလမ်းအမျိုးမျိုးနဲ့သတ်ဖြတ်ခြင်းခံရပါတယ် အဲ့ဒီအိမ်ကြီးရဲ့သတင်းကြောင့်လည်း အစိုးရကကလေးသူငယ်များစိတ်ဓာတ်ပျက်ပြားမှုမရှိဖို့နဲ့ဘေးကင်းလုံခြုံဖို့ Gorman အဆောက်အဦးကိုတည်ဆောက်ပေးထားပါတယ် Gormanအဆောက်အဦးဆိုတာကတော့ပြစ်မှုမှာပါဝင်တယ်လို့ယူဆရတဲ့ကလေးငယ်တွေကိုဘဝသစ်ပြန်စဖို့အခွင့်အရေးပေးတဲ့အနေနဲ့ဆေးကုသမှုပေးထားပြီးစောင့်ရှောက်ထားတဲ့နေရာပါ တစ်နေ့တော့ အဲ့ဒီအဆောက်အဦးဆီကို Lizzyလို့ခေါ်တဲ့သူနာပြုဆရာမအသစ်လေးတစ်ယောက်ရောက်လာပါတယ် စောင့်ရှောက်ခံထားတဲ့သူတွေကလည်းဒီအိမ်ကြီးကစည်းကမ်းတင်းကြပ်ပြီးငြီးငွေ့စရာကောင်းတဲ့အတွက် အားလုံးကလွတ်လမ်းရှာနေကြပါတယ် တစ်နေ့မှာSawyer မိသားစုက ထိန်းသိမ်းခံထားရတဲ့ကောင်လေးJed ကိုတွေ့ခွင့်မပေးတာကြောင့့်ပြသနာတွေတက်ခဲ့ရပြီးထိန်းသိမ်းထားသမျှလူတွေလည်းဝရုန်းသုန်းကားနဲ့လွတ်မြောက်ကုန်တဲ့အထိဆိုးရွားသွားခဲ့ပါတယ် လွတ်မြောက်သွားတဲ့ထဲမှာ ခပ်အေးအေးနေတတ်တဲ့ Jackson နဲ့ Bud ဆိုတဲ့ကောင်လေး၂ယောက်ရယ် သူနာပြုမလေး Lizzy ရယ် ခပ်ဆိုးဆိုးခပ်ကြမ်းကြမ်း Ike နဲ့Clarice တို့အတွဲရယ်အတူတူထွက်ပြေးဖို့အကြောင်းဖန်လာပါတယ် ဒီလိုနဲ့ပဲရှေ့ဆက်ပြီးသူတု့ိ ၅ယောက်ဘာတွေဆက်ဖြစ်ကြမလဲ ဌာနဆိုင်ရာတွေကလည်းဝရမ်းထုတ်ဖမ်းတာကတဖက် Sawyer မိသားစုကလည်းဘယ်လိုတွေစိတ်ဝင်စားစရာပါဝင်ပတ်သတ်လာမလဲဆိုတာစောင့့်ကြည့်ရမယ့် ကြောက်မက်ဖွယ် ခပ်ကြမ်းကြမ်းကားလေးပါ (စကားလုံးကြမ်းတမ်းမှုများကိုသတိပြုပါရန်) (ဘာသာပြန်နဲ့အညွှန်းကတော့ Pyae Xeinn Sett ပါ) File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်