★ 5.7
ဇာတ်ကား / 2006The Ant Bully
လူးကတ်စ်ဟာ လူကောင်သေးလို့ မကြာခဏ အနိုင်ကျင့်ခံရတဲ့ ကောင်လေးတစ်ယောက်ပါ။ အနိုင်ကျင့်ခံရတိုင်း သူ့ဒေါသကို အိမ်နားက မြက်ပင်တွေကြားမှာရှိတဲ့ ပုရွက်ဆိတ်အုံပေါ် ပုံချတတ်တယ်။ ရေလောင်းလိုက်၊ အုံကို ထိုးဆွလိုက်နဲ့ ပုရွက်ဆိတ်တွေကို နည်းမျိုးစုံ ဒုက္ခပေးနေခဲ့တာပါ။ ဒါကို မကျေနပ်တဲ့ ပုရွက်ဆိတ်တွေက တစ်နေ့မှာ လူးကတ်စ်ကို သူတို့အရွယ်အစားလောက်အထိ သေးသွားအောင် ပြောင်းလိုက်ကြပါတယ်။ ပုရွက်ဆိတ်တွေကို အနိုင်ကျင့်နေကျ ကောင်လေးနဲ့ လူတွေကို ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းနေတဲ့ ပုရွက်ဆိတ်တွေ အခုလို ရင်ဆိုင်တွေ့ကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဟာသနဲ့ စွန့်စားခန်းတွေပါတဲ့ ကာတွန်းဇာတ်ကားအဖြစ် ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်