Undercover Chef - Korea (2026) အပိုင်းသစ် (1 မှ 10) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံကိုလည်း ငေးမောရှုစားနိုင်မှာဖြစ်သလို Undercover concept လေးနဲ့ ဆန်းဆန်းပြားပြား ရိုက်ကူးထားတဲ့ ဟင်းချက်ရှိုးလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာ တောင်ကိုးရီးယားရဲ့ ထိပ်တန်းစားဖိုမှူးကြီးတွေ ဖြစ်ကြတဲ့ Sam Kim, Jung Ji-Sun, Kwon Sung-Jun တို့ သုံးဦးက ကိုယ်ချက်ပြုတ်နေတဲ့ အချက်အပြုတ်ပညာရဲ့ မူလအစပြုရာ နိုင်ငံအသီးသီးက ဒေသခံစားသောက်ဆိုင်တွေမှာ အလုပ်သင်အနေနဲ့ လျှို့ဝှက်အသွင်ယူပြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ လုပ်သက်အတွေ့အကြုံ၊ နာမည်ဂုဏ်သတင်း အစရှိတာတွေ ဘာတစ်ခုမှ အသုံးမဝင်တော့ဘဲ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းနဲ့သာ သက်သေပြရမဲ့ ဒီစိန်ခေါ်မှုမှာ စားဖိုမှူး သုံးဦးက ၅ ရက်အတွင်း အလုပ်သင်အဖြစ်ကနေ ခေါင်းဆောင်စားဖိုမှူးနေရာအထိ တက်လှမ်းနိုင်ပါ့မလား.... နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်လက်ရာဟင်းလျာကို ဖန်တီးပြီး မီနူးထဲမှာ ထည့်သွင်းဖို့ကိုရော အောင်မြင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Aired: May 21, 2026 - ? Aired On: Thursday Genres: Food, Cooking Show, Reality Show Episodes: 10 Original Network: tvN
ဇာတ်ကားကြည့်ရန်