ချစ်သူရဲ့ ဖောက်ပြန်မှုကို ကြုံခဲ့ပြီးနောက် တစ်ယောက်တည်း အထီးကျန်နေတဲ့ လူငယ်တစ်ယောက်ဟာ ကောင်မလေးတစ်ယောက်နဲ့ ဆုံလာပါတယ်။ ဒါပေမယ့် ကောင်မလေးမှာ ရေရှည်တွဲလာတဲ့ ချစ်သူရှိပြီး သူတို့စုံတွဲကလည်း အစစအရာရာ အဆင်ပြေနေကြတာပါ။ ကိုယ်စိတ်ဝင်စားလာတဲ့သူဆီ ရှေ့တိုးဖို့ မလွယ်တဲ့အပြင် သူ့ရဲ့ငယ်ဘဝဒဏ်ရာတွေနဲ့ နောက်ပိုင်းကြုံခဲ့ရတဲ့ စိတ်ထိခိုက်မှုတွေကလည်း ဒီကိစ္စနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်နဲ့ စိတ်ချင်းကိုက်တဲ့သူတစ်ယောက်ကို တွေ့ပေမယ့် သူငယ်ချင်းအဖြစ်ပဲ နေရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ရဲ့ ကြောင်တောင်တောင်အတွေးတွေ၊ အလွဲတွေကို နားလည်ပေးနိုင်ပြီး ရင်ဖွင့်တိုင်ပင်လို့ရတဲ့သူ ဖြစ်နေရင်တောင် မကျော်သင့်တဲ့ စည်းတစ်ခု ရှိနေတဲ့အခါ ရှေ့တိုးသင့်သလားဆိုတဲ့ အခက်အခဲကို ဒီအချစ်ဟာသဇာတ်လမ်းက မေးထားပါတယ်။ သူငယ်ချင်းကတော့ မပြတ်မသားနေတာ ပိုခံရခက်လို့ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတယ်။ တစ်ဖက်မှာ အဆင်ပြေနေတဲ့ ချစ်သူနှစ်ယောက်ရှိနေတော့ သူ့မျှော်လင့်ချက်ကလည်း နည်းနေပါတယ်။ အမျိုးသားဇာတ်ကောင်အဖြစ် ဟယ်ရီပေါ်တာမင်းသား ဒယ်နီရယ်ရတ်ကလစ်ဖ်က သရုပ်ဆောင်ထားပြီး ကောင်မလေးအဖြစ်တော့ Ruby Spark နဲ့ Big Sick တို့မှာ ပါဝင်ဖူးတဲ့ ဇိုးကာဇန်က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ပို့တွေထဲမှာ အဒမ်ဒရိုက်ဘာလည်း ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်