★ 5.7
ဇာတ်ကား / 2009Blood: The Last Vampire
ဆာယာဟာ ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး ခတိုဆိုတဲ့ ဂျပန်ဆာမူရိုင်းအဘိုးကြီးတစ်ယောက်ရဲ့ မွေးစားစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့သူပါ။ သူ့အဖေကို သတ်ခဲ့တဲ့ မကောင်းဆိုးဝါး အိုနီဂန်ကို လက်စားချေဖို့ ကိုယ်ခံပညာတွေ သင်ယူခဲ့တယ်။ လူတစ်ဝက်၊ မကောင်းဆိုးဝါးတစ်ဝက်အဖြစ် မွေးဖွားလာတဲ့ ဆာယာကတော့ နှစ်ပေါင်း ၄၀၀ ကြာတဲ့အထိ အသက်ကြီးမလာခဲ့ပါဘူး။ နောက်တော့ ပြည်သူတွေ မသိအောင် သွေးစုပ်ကောင်တွေကို လျှို့ဝှက်နှိမ်နှင်းနေတဲ့ အမေရိကန်အဖွဲ့အစည်းတစ်ခုထဲ ဆာယာ ဝင်ရောက်လာပါတယ်။ အဖေ့ကိုသတ်ခဲ့သူကို ဆက်ရှာနေချိန်မှာပဲ သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးနဲ့ မခြားတဲ့အခြေအနေကို ရောက်လာတယ်။ ဂျပန်အန်နီမေးရှင်း Blood: The Last Vampire ကို အခြေခံရိုက်ကူးထားပြီး Jun Ji-hyun ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်၊ စွန့်စားခန်းနဲ့ စိတ်ကူးယဉ်ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်