ထူးဆန်းထွေလာ ရိုးရာယုံကြည်မှုတွေနဲ့ သိပ္ပံနည်းကျမှုခင်းပညာတွေကြား အားပြိုင်တဲ့ ပဟေဠိဆန်ဆန် ခေတ်ဟောင်းစုံထောက်ဇာတ်ကားကြိုက်နှစ်သက်သူတွေအတွက် ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ယွမ်ချန်မြို့လေးမှာ နတ်ရုပ်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ နတ်ရုပ်လူသတ်မှုကိုစုံစမ်းစစ်ဆေးရင်း သန္ဓေသားဝိညာဉ် ကလဲ့စားချေခြင်းဆိုတဲ့ နောက်ထပ်ထူးဆန်းတဲ့အမှုပါပေါ်လာခဲ့ပါတယ်။ အဲဒီအမှုကို စုံစမ်းစစ်ဆေးတဲ့ စုံထောက်ဖြစ်တဲ့ ကျန်းထျန်းရှန့်ဟာ ထင်ယောင်ထင်မှာစိတ်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့တစ်လျှောက်မှာ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတွေ စိတ္တဇပုံရိပ်ယောင်မြင်ကွင်းတွေရဲ့ ဆက်တိုက်နှောက်ယှက်တာကိုခံရပေမယ့် ကျန်းထျန်းရှန့်ဟာ ဒါတွေက အယူသီးမှုတွေရဲ့နောက်ကွယ်က လူတွေရဲ့လှည့်ကွက်တွေသာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ကျန်းထျန်းရှန့်ဟာ ရှေးဟောင်းအယူသီးမှုတွေ အကွက်ချထောင်ချောက်တွေ လူတွေယုံကြည်ကြတဲ့ သီးခြားအမှောင်အကြောက်တရားတွေကို စိန်ခေါ်ပြီး တိုက်ပွဲဝင်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆန်းကြယ်လှတဲ့ မကောင်းဆိုးဝါးဖြစ်ရပ်တွေရဲ့ အမှန်တရားနဲ့ တရားခံအစစ်အမှန်ကိုဖော်ထုတ်မဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 612 MB / 351 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller and Mystery Runtime : 57 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်