Sukhamano Sukhamann (2026) ဝိညာဉ်တို့ရဲ့အိမ်ကလေး IMDb(6.5/10) မင်းသားချော Mathew Thomas နဲ့ မင်းသမီးချော Devika Sanjay တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။သီအို ဟာ ငယ်ဘဝ စိတ်ဒဏ်ရာတွေကြောင့် သူတစ်ပါးနဲ့ မဆက်ဆံဘဲ အထီးကျန်ဆန်စွာ နေထိုင်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ သူဟာ နာရေးကူညီမှုယာဉ် မောင်းနှင်တဲ့အလုပ်ကို လုပ်ကိုင်ပါတယ်။ ထူးခြားတာက သီအို ဟာ သူသယ်ဆောင်ပေးရတဲ့ ကွယ်လွန်သူတွေရဲ့ ဝိညာဉ်တွေကို မြင်တွေ့စကားပြောနိုင်တဲ့ သဘာဝလွန်စွမ်းအား တစ်ခုကို ရရှိလာတာပါပဲ။ အထီးကျန်နေတဲ့ သီအို ရဲ့ အိမ်ကြီးထဲကို ဒီဝိညာဉ်တွေ ရောက်လာကြပြီး တစ်စထက်တစ်စ သံယောဇဉ်တွယ်ကာ သူတောင့်တခဲ့ရတဲ့ မိသားစုတစ်ခုလိုမျိုး ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ သီအို ဟာ ဝေဒနာတစ်ခု ခံစားနေရပြီး မိမိရဲ့ဈာပနကို လူလာစေချင်လို့ ကိုယ့်ကိုယ်ကိုယ် ေ_သကြောင်းကြံစည်ဟန်ဆောင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး အချစ်ဇာတ်လမ်း စတင်ပါတော့တယ်။ အထီးကျန်ဆန်လှတဲ့ သီအို တစ်ယောက် လူ့လောကနဲ့ ဝိညာဉ်လောကကြားက စည်းကမ်းတွေကို ဖြတ်ကျော်ပြီး စစ်မှန်တဲ့ အချစ်နဲ့ မိသားစုနွေးထွေးမှုကို ဘယ်လိုရှာဖွေမလဲဆိုတာကို ရယ်မောဖွယ်၊ ကြည်နူးဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.3 GB / 724 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်