★ 5.8
ဇာတ်ကား / 2015I Spit on Your Grave III: Vengeance Is Mine
I Spit on Your Grave ရဲ့ တတိယမြောက်ဇာတ်ကားမှာ ဂျနီဖာဟေးစ်ဟာ အရင်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမှတ်တရဆိုးတွေရဲ့ ခြောက်လှန့်မှုကို ခံနေရဆဲပါ။ နာမည်နဲ့ နေထိုင်ရာမြို့တွေ ပြောင်းပြီး ဘဝအသစ်စဖို့ ကြိုးစားပေမယ့် အတိတ်ကနေ ရုန်းထွက်ဖို့ မလွယ်ကူသေးဘူး။ စိတ်ကျန်းမာရေးဆရာဝန်ရဲ့ အကြံပေးချက်အရ အုပ်စုလိုက် စိတ်ကုထုံးခံယူတဲ့အဖွဲ့ထဲ ဝင်ခဲ့ရာက စိတ်သဘောထားချင်းတူတဲ့ မာလာနဲ့ သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမယ့် တစ်နေ့မှာ မာလာ အသတ်ခံရပြီး လူသတ်သမားက တရားသေလွတ်သွားတဲ့အခါ ဂျနီဖာက တရားမျှတမှုကို ကိုယ်တိုင်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ပတ်ဝန်းကျင်မှာလည်း မုဒိမ်းမှုတွေ ပိုများလာတဲ့အခါ ဘယ်လိုလက်စားချေဖို့ ကြိုးစားမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး သတ်ဖြတ်မှုနဲ့ သွေးထွက်သံယို မြင်ကွင်းတွေ ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်