The Sheep Detectives (2026) 4K HEVC +++++++++++ IMDb Rating (7.6) / Rotten Tomatoes (96%) မင်းသားကြီး Hugh Jackman ရဲ့ ဒီကားလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ဟာသနဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားလေးပါ။ Leonie Swann ရဲ့ နာမည်ကြီးဝတ္ထု "Three Bags Full" ကို အခြေခံပြီး ဒါရိုက်တာ Kyle Balda က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျော့ချ်ဆိုတဲ့ သိုးကျောင်းသားကြီးဟာ ညတိုင်း သူ့ရဲ့ချစ်လှစွာသော သိုးလေးတွေကို စုံထောက်ဝတ္ထုတွေ ဖတ်ပြလေ့ရှိပါတယ်။ သိုးတွေဆိုတော့ နားလည်မှာမဟုတ်ပါဘူးလေ ဆိုပြီး ဖတ်ပြနေပေမယ့် တစ်နေ့ကျတော့ ခြံထဲမှာ ဂျော့ချ် အသတ်ခံလိုက်ရတဲ့အခါ ဇာတ်လမ်းစပါတော့တယ်။ သိုးလေးတွေက သူတို့သခင်ကို သတ်သွားတဲ့ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ညတိုင်း နားထောင်ခဲ့ရတဲ့ စုံထောက်ဝတ္ထုတွေထဲက အသိပညာတွေနဲ့ သိုးလေးတွေဟာ သဲလွန်စတွေရှာ၊ မသင်္ကာစရာ လူတွေကို စုံစမ်းရင်း တကယ့် စုံထောက်တွေလို အမှုလိုက်ကြပါတော့တယ်။ လူတွေ မထင်မှတ်ထားတဲ့ သိုးလေးတွေရဲ့ ဉာဏ်ရည်နဲ့ အမှုအခင်းကို ဘယ်လို စုံစမ်းဖော်ထုတ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ Hugh Jackman က ဂျော့ချ်နေရာကနေ ပါဝင်ထားပြီး သိုးလေးတွေရဲ့ အသံတွေနေရာမှာတော့ Julia Louis-Dreyfus, Bryan Cranston, Emma Thompson, Patrick Stewart နဲ့ Bella Ramsey တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ CGI သိုးလေးတွေရဲ့ အမူအရာတွေကလည်း အရမ်းချစ်စရာကောင်းသလို၊ ဟာသလေးတွေနဲ့မို့ အပျင်းပြေကြည့်ဖို့ အရမ်းကောင်းတဲ့ ကားလေးတစ်ကားလို့ ညွှန်းပါရစေ။ File Size… (4.9GB) / (1.78GB) / (987MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration…1h 49m Genre ….Comedy, Family and Mystery Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်