ဇာတ်လမ်းတွဲ / 2020The Legend of El CidEl Cid (2020) Season 01 Complete
~ IMDb - 6.7/10, Rotten Tomatoes - 75% ~
El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။
ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး မြင်းချေးကျုံးရတဲ့ အကူဘဝကနေ ကြီးကျယ်တဲ့ El Cid ဖြစ်လာတဲ့အထိ သူလျှောက်လှမ်းလာခဲ့တာတွေကို ကျွန်တော်တို့မြင်ရလိမ့်မယ်။
သူတို့ခေတ်ကိုက နိုင်ငံငယ်လေးတွေ အစိတ်စိတ်ကွဲလိုက် စစ်ဘုရင်တွေကတိုက်လိုက် ပြန်စုသွားလိုက် နန်းလုကြလိုက် ပြန်ကွဲသွားလိုက် ဖြစ်နေတဲ့ ခေတ်ဆိုတော့ နန်းတွင်းထဲက ဆွေတွေမျိုးတော်တွေ တော်ဝင်မျိုးတွေကြားက အာဏာလုပွဲတွေ၊ တိုင်းတစ်ပါးနဲ့ စစ်ပွဲတွေ အစုံပါသလို ဗာတီကန်ရဲ့ဩဇာသက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေဖြစ်လို့ နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံကိုလည်း မြင်ရမယ့် တကယ့်အလယ်ခေတ်စီးရီးပါပဲ။ မာယာတွေရော သတ်တာဖြတ်တာတွေရော ကြမ်းသလို မင်းသားကလည်း ပြောရရင် ဗျာဒိတ်ရသူရဲကောင်းလိုဖြစ်နေတာဆိုတော့ ဂျွန်စနိုးတောင် နည်းနည်းဆန်ချင်သလိုပါပဲ။ စိတ်ကူးယဉ်မဟုတ်ဘဲ တကယ့်ဖြစ်ရပ်ကို ရိုက်ထားတဲ့ထဲတော့ ဒီစီးရီးဟာ တော်တော်စုံလင်ပြီး ကြမ်းတဲ့စီးရီးလို့ပြောရပါမယ်။
Money Heist စပိန်ဗားရှင်းရဲ့ ဒန်ဗာက ရိုဒရီဂိုတဖြစ်လဲ ရိုင်အဖြစ် သရုပ်ဆောင်ထားပါတယ်။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)
Size ~ 800MB+
Total - 5 Episodes
Quality – 1080p
Duration ~ 1h (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Drama, History
Source : AMZN.Web-dl.1080p
Translator – W
Encoder – Y
El Cid (2022) Season 02 Complete
~ IMDb - 6.7/10, Rotten Tomatoes - 75% ~
ပထမတွဲ ကြည့်ပြီးတဲ့ လူတွေတော့ El Cid ရဲ့ ရှုပ်ထွေးလှတဲ့ စစ်နယ်ရှင်ဆန်ဆန် နိုင်ငံရေးကနေမှ ဆုံးသွားတဲ့လီယွန်ဘုရင်က ထီးနန်းကို သားသမီးတွေကို တစ်ခြမ်းစီခွဲပေးလိုက်လို့ ပိုရှုပ်ထွေးသွားတဲ့အကြောင်းကို သိပြီးကြလောက်ပြီပေါ့။ လီယွန်ဘုရင် သူတို့အဖေဟာ သူ့မွေးချင်းညီအစ်ကိုတွေကို ထီးနန်းအတွက်သတ်ခဲ့တာမို့ အဲဒီစိတ်တစ်ပိုင်းနဲ့ ကွယ်လွန်ခါနီး သူ့သားသမီးတွေကိုတော့ သူ့လို မဖြစ်စေချင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြဖို့မှာရင်း နယ်မြေတွေကိုခွဲဝေပေးလိုက်တယ်။ ဗျာဒိတ်လာသူရဲကောင်းလိုဖြစ်နေတဲ့ ရိုင်ကိုလည်း သူ့သားသမီးတွေ အချင်းချင်းမသတ်ရအောင် စောင့်ရှောက်ပေးဖို့ ကတိတောင်းခဲ့တယ်။
ဒီလိုနဲ့ ခွဲပေးတဲ့ဒေသတွေရဲ့ ကိုယ့်ထီးကိုယ်နန်းတွေမှာ နန်းတက်ကြရင်း အခက်အခဲကိုယ်စီနဲ့ ကြုံလာရတယ်။ သားကြီးတဖြစ်လဲ ဆန်ချိုဟာ သူရသင့်တဲ့ထီးနန်းဆိုတဲ့စိတ် မသိမသာကြီးစိုးနေခဲ့သလို အကြီးဆုံးဖြစ်နေပေမဲ့ သမီးဖြစ်နေလို့ နန်းမရလိုက်တဲ့ ယူရာကာကလည်း စစ်ဖြစ်တဲ့ဘက်ဦးတည်လာအောင် မွှေနေတယ်။ ဒီအချိန်မှာ သူတို့ညီအငယ်ဆုံးက သူတို့ညီမအငယ်ဆုံးရဲ့ မြေကို သွားကျူးကျော်မိတဲ့အခါ ဆန်ချိုက သူတို့အဖေကို ပေးထားတဲ့ ကတိကို ဖောက်လို့ဆိုပြီး ပြန်တိုက်ဖို့လုပ်တယ်။ ဒီလိုတိုက်ဖို့လုပ်ရာက မြို့တော်ကို အပိုင်စားရလိုက်တဲ့ သူ့ညီအယ်ဖွန်ဆိုရဲ့ မြေကို ဖြတ်ပြီးမှ အဲဒီကိုရောက်မှာဆိုတော့ ဖြတ်ခွင့်တောင်းတယ်။ ဒီလိုနဲ့ အယ်ဖွန်ဆိုကလည်း မြို့တော်ထဲပေးဖြတ်လိုက်ရင် သူ့ကိုတိုက်မှာစိုးလာတာရယ် ဆန်ချိုရဲ့လောဘအဆုံးမသတ်မှာစိုးတာရယ်ကြောင့် သူ့အစ်ကိုကို အလစ်တိုက်ဖို့လုပ်တယ်။ ဒီလိုနဲ့ သူတို့မောင်နှမတွေကြားစစ်ဖြစ်လာတယ်။ ရိုင်ဟာ သူ့သခင်ကိုအမှုထမ်းရင်း ဒီစစ်ပွဲကို ဘယ်လိုတားဆီးမလဲ၊ ဘယ်လိုအားပေးမလဲ ဒုတိယတွဲမှာ ဆက်ကြည့်ကြရမှာပါ။ ထီးနန်းနောက်ကွယ်က ပရိယာယ်တွေ လောဘတွေကို တိုက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာမို့ စစ်ကားတွေ ရှေးခေတ်တိုက်ပွဲတွေကို ကြိုက်တဲ့လူတွေအတွက် El Cid ဟာ ဇာတ်လမ်းတွဲကောင်းပါပဲ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)
Size ~ 700MB+
Total - 5 Episodes
Quality – 1080p
Duration ~ 1h (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Drama, History
Source : AMZN.Web-dl.1080p
Translator – W
Encoder – Y
ဇာတ်ကားကြည့်ရန်