ကျွန်းတစ်ကျွန်းရဲ့ မြေအောက်မှာရှိတဲ့ ရွှေပင့်ကူမြို့တော်ကို ရောက်ရင် ထာဝရအသက်ရှင်နိုင်တယ်ဆိုတဲ့ ယုံတမ်းစကားတစ်ခု ရှိပါတယ်။ စစ်မာချုံရဲ့အဖေ စစ်မာဟွေးဟာလည်း အဲဒီမြို့ကို သွားရှာရင်း လွန်ခဲ့တဲ့ ၂၂ နှစ်က ပျောက်ဆုံးသွားခဲ့တယ်။ တစ်နေ့မှာ စစ်မာချုံရဲ့ရည်းစား လီဆာ ပြန်ပေးဆွဲခံလိုက်ရပြီး သူမရဲ့အသက်နဲ့ ခြိမ်းခြောက်ကာ စစ်မာချုံကို မြေအောက်ကမ္ဘာဆီ သွားခိုင်းကြပါတယ်။ ရွှေမြို့တော်အထိပါ သွားဖို့ ဖိအားပေးလာချိန်မှာ ထူးဆန်းတဲ့လူတစ်ယောက် ပေါ်လာတယ်။ အသက်က စစ်မာချုံနဲ့ ရွယ်တူလောက်ပဲရှိပေမယ့် သူဟာ ပျောက်ဆုံးနေတဲ့အဖေ စစ်မာဟွေးပါလို့ ပြောလာတာပါ။ ဒီလိုနဲ့ သုံးယောက်သား ရွှေမြို့တော်ရှိရာ ကျွန်းဆီ ခရီးထွက်ဖို့ ဖြစ်လာကြတယ်။ အဖေလို့ပြောနေသူက ရွှေမြို့တော်ကနေ တကယ်ပဲ ပြန်ထွက်လာခဲ့သူလား၊ အဲဒီမြို့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဧရာမပင့်ကူကြီးတွေကြား စွန့်စားကြရတော့မှာပါ။
ဇာတ်ကားကြည့်ရန်