၁၉၈၆ ဝန်းကျင်၊ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ကာလကို နောက်ခံထားပါတယ်။ လူမဲလူငယ်တွေ အုပ်စုလိုက် လမ်းလျှောက်နေရုံနဲ့တောင် အာဏာပိုင်တွေရဲ့ ဖမ်းဆီးနှောင့်ယှက်မှုကို ကြုံရတတ်ပြီး လူဖြူနဲ့ လူမဲအသိုင်းအဝိုင်းကြား တင်းမာမှုတွေလည်း ရှိနေတယ်။ Rap ဂီတကလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုမရသေးတဲ့ အချိန်ပါ။ ဒီလိုအခြေအနေမျိုးမှာ Compton က လူငယ်သုံးယောက်ဖြစ်တဲ့ Dr. Dre၊ Eazy-E နဲ့ Ice Cube တို့က Gangsta Rap ကို လူသိများလာအောင် လုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ ဂီတခရီးနဲ့အတူ Ruthless၊ N.W.A နဲ့ Death Row တို့အကြောင်း၊ အဲဒီခေတ်ရဲ့ နိုင်ငံရေးနဲ့ လူမှုအခြေအနေတွေကြား Hip Hop ဂီတ ဘယ်လိုရှေ့ဆက်လာသလဲဆိုတာကို ဇာတ်ကားမှာ ဖော်ပြထားပါတယ်။ Eminem ရဲ့ဆရာအဖြစ် သိကြတဲ့ Dr. Dre၊ Gangsta Rap နဲ့ အောင်မြင်လာတဲ့ Eazy-E၊ Friday နဲ့ 21 Jump Street လို ဟာသကားတွေကနေပါ လူသိများတဲ့ Ice Cube တို့ရဲ့ အစောပိုင်းဘဝတွေကို ပြန်တွေ့ရမှာပါ။ N.W.A ရဲ့ သီချင်းတွေကိုလည်း ထည့်သွင်းထားပြီး Compton က ဖိနှိပ်ခံလူငယ်တွေ သူတို့မြို့အပြင်အထိ ဘယ်လိုလူသိများလာကြမလဲဆိုတဲ့ ခရီးကို ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်