အာရှာတို့နေတဲ့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တာ၊ တခြားသူတွေကို ရန်ပြုတာတွေ ဖြစ်လာပါတယ်။ ကိုယ့်အမေကိုပါ ဓားနဲ့ထိုးတဲ့အမှုအထိ ဖြစ်လာပြီး ဒီဖြစ်ရပ်တွေနဲ့ ဂရင်းကတ်တီဆိုတဲ့အရာက ဆက်နွှယ်နေတယ်။ အာဏာပိုင်တွေကတော့ ကလေးတွေဟာ အွန်လိုင်းပေါ်က ဂရင်းကတ်တီ challenge ကို လုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက်မိကြတာလို့ ယူဆထားပါတယ်။ ဒီလိုကိစ္စတွေ များလာလို့ မိုက်ရူးရဲဆန်တာတွေ မလုပ်ဖို့ မိဘတွေက သတိပေးနေချိန်မှာပဲ အာရှာကိုယ်တိုင် ဂရင်းကတ်တီနဲ့ ကြုံလိုက်ရတယ်။ သူတွေ့ခဲ့တာကို အမှန်အတိုင်း ပြောပြပေမယ့် မိဘတွေက မယုံကြည်ကြပါဘူး။ အာရှာက အားကစားကနေလည်း ကိုယ့်သဘောနဲ့ကိုယ် ထွက်ထားပြီး စိတ်ဓာတ်ကျနေသူလို ဖြစ်နေတာကြောင့်ပါ။ မြို့က မိဘတွေဟာ ကလေးတွေ ဖုန်းသုံးတာကို ကန့်သတ်လာကြပြီး ကျောင်းကိုပါ မလွှတ်တော့တဲ့အထိ ဖြစ်လာတယ်။ အဲဒီအခါ အာရှာက ဒီဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်နေရတာလဲဆိုတာကို လိုက်ရှာတော့တယ်။ ဂရင်းကတ်တီဆိုတာ ထင်ယောင်ထင်မှား ဖြစ်နေတာပဲလား၊ ဒါမှမဟုတ် အပြင်မှာ တကယ်ရှိနေတဲ့အရာလား။
ဇာတ်ကားကြည့်ရန်