နာမည်ကျော် တရုတ်ရှေးဟောင်း ပန်းချီကားချပ်ကြီးတစ်ခုကို အလုအယက် ရယူချင်နေကြတဲ့ နိုင်ငံတကာက မှုခင်းဂိုဏ်းတွေ၊ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ သူလျှို အက်ရှင် ဇာတ်ကားကို ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း >>> တရုတ်နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ရှေးဟောင်းပန်းချီကားချပ်ကြီးဖြစ်တဲ့ "ဖူချွန်းတောင်တန်းမှ နေအိမ် (Dwelling in the Fuchun Mountains)" ဟာ ပြပွဲမစတင်ခင်မှာပဲ နိုင်ငံတကာ မှောင်ခိုဈေးကွက်မှာ ဈေးကောင်းပေးပြီး အဝယ်လိုက်ခြင်းကို ခံလိုက်ရပါတယ်။ ဒီသတင်းကြောင့် ဂျပန်ယာကူဇာ ဂိုဏ်းတွေ၊ ဗြိတိန်က ကြေးစားသူခိုးတွေဟာ ပန်းချီကားကြီးကို ခိုးယူဖို့ အလုအယက် လှုပ်ရှားလာကြပါတော့တယ်။ဒီလိုရှုပ်ထွေးနေတဲ့ အခြေအနေမှာ အရင်က အမှုတစ်ခုကြောင့် နာမည်ပျက်ပြီး အနားယူထားတဲ့ အထူးအေးဂျင့် 'ရှောင်းကျင်းဟန်' (Andy Lau) ဟာ သူ့ရဲ့အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့အတွက် ဒီပန်းချီကားချပ်ကြီးကို ပြန်လည်ရယူဖို့ လျှို့ဝှက်တာဝန်တစ်ခုနဲ့ ပြန်လည်ဝင်ရောက်လာပါတော့တယ်။ တစ်ဖက်မှာလည်း ပန်းချီကားကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ အာမခံအရာရှိ 'လင်းယွီယန်း' (Zhang Jingchu) ဟာလည်း မျှော်လင့်မထားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ အေးဂျင့် ရှောင်းကျင်းဟန် ဟာ ဒူဘိုင်း၊ တိုကျို နဲ့ ဟန်ကျိုး မြို့တွေကို ဖြတ်သန်းပြီး ပန်းချီကားကို လိုက်လံရှာဖွေရင်းနဲ့ ဆွဲဆောင်မှုရှိပြီး အန္တရာယ်များတဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး 'လီရှား' (Lin Chi-ling) နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့... ဘယ်သူက ရန်သူလဲ၊ ဘယ်သူက မိတ်ဆွေလဲဆိုတာ ခွဲခြားရခက်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရပါတော့တယ်။ Filesize : 1.97 GB / 1.02 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Adventure, Thriller, and Crime Runtime : 2h 2 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်