★ 7.2
ဇာတ်ကား / 2023Praise This
ဆမ်ဟာ မိခင်ဆုံးသွားပြီးကတည်းက ဖခင်နဲ့အတူ LA မှာ နေလာခဲ့တဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ။ ရုံးရောက်ဂတ်ရောက်ဖြစ်လာတဲ့အခါတော့ LA မှာ ဆက်ထားဖို့ မသင့်တော့တာကြောင့် ဦးလေးတို့လင်မယား နေထိုင်တဲ့ အတ္တလန္တာကို ပို့လိုက်ကြပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့မှာ ဂျက်စ်ဆိုတဲ့ သမီးလေးရှိပြီး ဆမ်ရဲ့ ညီမဝမ်းကွဲလည်း ဖြစ်ပါတယ်။ ဦးလေးတို့မိသားစုနဲ့ အတူနေထိုင်ရင်း ဆမ်လည်း တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သူ့အကြောင်းနဲ့အတူ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေကြားက ပြိုင်ပွဲကိုလည်း ဇာတ်လမ်းထဲမှာ ပြထားပါတယ်။ ဘုရားကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း၊ ဓမ္မတေးအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီကြတဲ့ ပုံစံတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အဆိုအကတွေနဲ့ တွဲဖက်တွေ့ရမှာပါ။
ဇာတ်ကားကြည့်ရန်