The Perfect Lie (2026) အပိုင်းသစ် (2) Dr. Romantic S1 ထွက်ရှိပြီး ၁၀နှစ်အကြာမှာတော့ မင်းသား Yoo Yeon Seok နဲ့ မင်းသမီး Seo Hyun Jin တို့ကို အတူပြန်တွဲတွေ့ရမဲ့ The Perfect Lie ဆိုတဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့ လာပါပြီ။ - ဇာတ်လမ်းအကျဥ်း - "ဘဝမှာ တစ်ခါတလေကျရင် ကိုယ်ယုံကြည်ထားရတဲ့ အမှန်တရားတစ်ခုဟာ တစ်ဖက်လူအတွက်တော့ လုံးဝကွဲပြားတဲ့ အမှတ်တရတစ်ခု ဖြစ်နေနိုင်တတ်ပါတယ်။" အနုပညာကျောင်းက အကဆရာမ ဂန်ဂျီဆွန်းနဲ့ နှလုံးခွဲစိတ်ဆရာဝန် မင်ဂျွန်ဟိုတို့ဟာ မထင်မှတ်ဘဲ ဆုံတွေ့ပြီး ပထမဆုံး Date လေးတစ်ခုကို ဖြတ်သန်းခဲ့ကြပါတယ်။ အရာရာဟာ ပြီးပြည့်စုံနေခဲ့ပေမဲ့လည်း နောက်တစ်နေ့မှာတော့ နှစ်ယောက်စလုံးရဲ့ ပြောစကားတွေက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ... အတူ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုတောင် ဘာကြောင့် အမှတ်တရချင်း မတူညီကြတာလဲ... ဘယ်သူက အမှန်ပြောပြီး ဘယ်သူက လိမ်ညာနေတာလဲ… အချစ်နဲ့ စတင်ခဲ့တဲ့ ဆက်ဆံရေးတစ်ခုဟာ သံသယတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်လာတဲ့အခါ မထင်မှတ်ထားတဲ့ အမှန်တရားတွေက ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်မို့လို့ သောကြာ၊ စနေနေ့တိုင်း အတူ ကြည့်လိုက်ရအောင်နော်။ Aired: Oct 30, 2026 - ? Aired On: Friday, Saturday Genres: Crime, Thriller, Mystery, Psychological Episodes: 12 Original Network: MBC
ဇာတ်ကားကြည့်ရန်