Freddy vs. Jason (2003) IMDb - 5.7/10 Rotten - 41% အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ one, two Freddy's Coming For you three, Four Better Lock the Door …… ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင် သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့ မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင် Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ အလားတူပဲ Crystal Lake မြို့လေးရဲ့ စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake မှာ ………… Chi Chi Chi Hah Hah Hah Chi Chi Chi Hah Hah Hah ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………?? လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့ Jason ဆိုတဲ့ အမေကိုချစ်တဲ့ သားကြီး မင်းနောက်ကို ဒီလို ရက်စက်မှုအပေါင်းသရဖူဆောင်း နေတဲ့ လူသတ် သရဲ မိစ္ဆာကြီး နှစ်ကောင်ကို Crossover လုပ်ထားတဲ့ ဒီဇာတ်ကားဟာ အသည်းငယ်တတ်သူတွေအဖို့ လုံးဝမကြည့်သင့်တဲ့ဇာတ်ကား ဖြစ်ပြီး Horror ဇာတ်ကားများကိုကြိုက်နှစ်သက် သူများအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားတစ်ကားအဖြစ်ညွှန်းပေးပါရစေ ……… ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့ Freddy ဆိုတဲ့ နာမည်ကို Elm street မှာမေ့မေ့ပျောက်ပျောက်ဖြစ်လာတဲ့ကာလ တစ်ခုမှာ လူသတ်သရဲကြီး Freddyဟာ တန်ခိုးစွမ်းအားတွေလျော့နည်းလာပါတယ် သိခဲ့တဲ့ လူကြီးသူမတွေဟာလဲ လူငယ်တွေ ဘေးအန္တရာယ် ကင်းရေးအတွက် Freddy ရဲ့နာမည်ကို လုံးဝ အစဖျောက်ထားပါတယ် အဲ့ဒီမှာ Freddy ဟာ သူ့ရဲ့စွမ်းအားတွေပြန်ရရှိပြီး အဆုံးမဲ့အိမ်မက်ဆိုးတွေနဲ့ ပြန်လည်ခြောက်လှန့်ရက်စက် ဖို့လိုတဲ့အတွက် နည်းလမ်း တစ်ခု နဲ့ သူ့ရဲ့နာမည်ကိုပြန် အမှတ်ရလာအောင် ကြံစည်ပါတော့တယ် တစ်ခြားတော့မဟုတ်ပါဘူး Friday the 13th ဇာတ်ကားများရဲ့ လူသတ်သမားကြီး Jasonကို ပြန်အသက်သွင်းကာ Elm Street ကို ခေါ်ဆောင်လာပြီး Jasonကျူးလွန်တဲ့ လူသတ်မှုများအတွက် Freddy အမည်ခံကာ သူ့ရဲ့နာမည်ကို ပြန်လည်အမှတ်ရလာစေဖို့ စီစဉ်ပါတော့တယ် ဒါပေမယ့် Freddyအတွက် ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်လာခဲ့တဲ့ အခါမှာတော့…………… ဆက်ပြောရင် Spoil ကုန်မှာစိုးတဲ့အတွက် ဇာတ်ကားအစအဆုံး ရင်တထိတ်ထိတ် အသဲတစ်ယားယား ခံစားမှုရသများကိုပေးစွမ်းနိုင်မယ့် ဒီကားလေးကို ငွေရောင်ပိတ်ကားကြီး ထက်မှာ အဲလေ မှန်သားပြင်ထက်မှာသာ ဆက်လက်ရှုစားဖို့ပဲတိုက်တွန်းလိုက်ပါရစေ ခင်ဗျာ ဒီကားလေးက ဒီနေ့မှာကျရောက်တဲ့ CM Team မှ ဘာသာပြန် ညီလေး Ye Khant Min ရဲ့မွေးနေ့ အမှတ်တရလက်ဆောင်အနေနဲ့ CM ပရိတ်သတ်ကြီးအတွက် သူကိုယ်တိုင်ဘာသာပြန်ထားတဲ့ လက်ဆောင် ဇာတ်ကားလေး ပဲဖြစ်ပါတယ် ညီလေး Ye Khant Min ဒီနေ့မှာကျရောက်တဲ့ မွေးနေ့မှစ နောက်နှစ်ပေါင်းများစွာတိုင် စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်စုံ ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လို့ ကျွန်တော်တို့ Channel Myanmar ဝိုင်းတော်သူ ဝိုင်းတော်သားအပေါင်းမှ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် ခင်ဗျာ ဇာတ်လမ်း အညွှန်းရေးသား သူကတော့ ……ဟုတ်ကဲ့ ကျွန်တော် Han Htoo Zaw ပဲဖြစ်ပါတယ် File Size : 700 MB Quality : Blu Ray 720P Running Time : 1hr 37 minute Format : Mp4 Genre : Action, Horror, Thriller Encoder : Joker.phs
ဇာတ်ကားကြည့်ရန်