မြန်မာပေါကားတွေကြည့်ရတာရိုးနေပြီလား? အမေရိကန်ပေါကားစစ်စစ်ကြည့်ချင်ပါသလား? ဒါဆိုရင်တော့ Hot Shots ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ Hot Shots ရုပ်ရှင်ဟာ ဟောလီးဝုဒ်က နာမည်ကြီးဇာတ်ကားတော်တော်များများကို သရော်ထားတဲ့ရုပ်ရှင်ကားပါ။ အခုတင်ဆက်ပေးလိုက်တဲ့ Hot Shots Part 1 ကတော့ 1986 ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကို အဓိကထား သရော်ထားတာဖြစ်ပြီး Kevin Costner ရဲ့ Dances with Wolves လို နာမည်ကျော်ကားကြီးတွေကိုလဲ နည်းနည်းစီ သရော်ထားပါတယ်။ အခု Part 1 မှာတော့ အဖေ့ရဲ့နာမည်ဆိုးကို အမွေဆက်ဆံထားရတဲ့ တော်ပါဟာလေကို လေတပ်က ပြန်လည်ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်မစ်ရှင်အကြီးစားတစ်ခုမှာ ပါဝင်ခိုင်းတဲ့အကြောင်းဖြစ်ပါတယ်။ ဂျက်လေယာဉ်ကြီး လေပေါ်မှာ Drift ဆွဲတာ၊ ဘရိတ်အုပ်လိုက်တာတွေအပြင် ရယ်မောစရာအခန်းတွေအများကြီးပါတာကြောင့် မြန်မာရွာကားတွေကြည့်ရတာ ပျင်းရိလာတဲ့ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ အမေရိကန်နွားကျောင်းသားကားတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလဲ စတားလုံးရဲ့ Rambo ရုပ်ရှင်ကားတွေ အဓိကထားသရော်ထားတဲ့ Hot Shots Part 2 ကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 24min Format : Mp4 Genre :Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.X264-AMIABLE Translated by Arkar Phyo Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်