Blonde က နာမည်ကျော်ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့ဘဝကို အခြေခံထားတဲ့ ဒရာမာဇာတ်ကားပါ။ သူ့ဘဝဖြစ်ရပ်တွေကို အတ္ထုပ္ပတ္တိတစ်ပုဒ်လို အတိအကျ ပြန်တင်ပြထားတာမျိုးထက် အမှန်တကယ်ဖြစ်ရပ်တွေ၊ ကောလာဟလတွေနဲ့ စိတ်ကူးယဉ်ရေးသားထားတာတွေကို ရောစပ်ထားပါတယ်။ မွန်ရိုးဟာ မိဘမဲ့ဂေဟာကနေ အနုပညာလောကထဲ ရောက်လာသူဖြစ်ပြီး အသက် ၁၆ နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်သုံးဆက်ရှိခဲ့သလို အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ ပတ်သက်တဲ့ ကောလာဟလတွေအပါအဝင် သူ့ကိုဝန်းရံနေတဲ့ သတင်းတွေကလည်း မနည်းပါဘူး။ အောင်မြင်ကျော်ကြားလာပေမယ့် သူ့ဘဝအစကတော့ မလှပခဲ့ပါဘူး။ ၁၉၅၀ နဲ့ ၁၉၆၀ ကာလတွေမှာ မွန်ရိုးဟာ လိင်ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်ယောက်အဖြစ် ထင်ရှားခဲ့ပြီး လူအများရဲ့ အိပ်မက်မင်းသမီး ဖြစ်လာခဲ့တယ်။ သူ့ဂါဝန် လေထဲလွင့်နေတဲ့ပုံကလည်း အလွန်လူသိများခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မွန်ရိုးအဖြစ် အန်နာ ဒီအားရ်မက်စ်က သရုပ်ဆောင်ထားပြီး သူ့ကို Knives Out၊ No Time to Die၊ Blade Runner နဲ့ Knock Knock တို့မှာလည်း တွေ့ဖူးကြမှာပါ။ အိပ်ရာခန်းနဲ့ ကိုယ်လုံးတီးမြင်ကွင်းတွေ ပါဝင်တာကြောင့် မိသားစုအတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်ကားကြည့်ရန်