★ 6.1
ဇာတ်ကား / 2021Plan A
ကိုယ့်မိသားစုဝင်တွေ အကြောင်းပြချက်မရှိဘဲ အသတ်ခံလိုက်ရရင် ကိုယ်ဘာလုပ်မလဲဆိုတဲ့ မေးခွန်းနဲ့ ဇာတ်လမ်းကို စထားပါတယ်။ နာဇီတွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ဂျူးတွေဟာ ကိုယ့်ရှေ့မှာတင် မိသားစုဝင်တွေနဲ့ ချစ်ရသူတွေ အသတ်ခံရတာကို ကြုံခဲ့ရသူတွေပါ။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပေမယ့် သူတို့ခံစားနေရတဲ့ နာကျင်မှုနဲ့ ဒေါသကတော့ မပြီးဆုံးသေးဘူး။ ဒီလိုနဲ့ မိသားစုဝင်တွေကို သတ်ခဲ့တဲ့ ဂျာမန်တွေကို လက်စားချေဖို့ သူတို့ အစီအစဉ်ဆွဲလာကြပါတယ်။ အဲဒီအကြံအစည်က ဘာလဲ၊ လက်တွေ့အကောင်အထည်ဖော်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲ၊ စီစဉ်ထားသလို ဖြစ်မြောက်နိုင်ပါ့မလားဆိုတာကို ဆက်ပြသွားတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားပါ။ အဖွင့်မှာ မေးထားတဲ့ မေးခွန်းအတွက် ကိုယ်စဉ်းစားထားတဲ့ အဖြေနဲ့ သူတို့ရွေးချယ်တဲ့ လမ်းက တူနေမလားဆိုတာလည်း ကြည့်ရင်း ပြန်စဉ်းစားမိနိုင်ပါတယ်။
ဇာတ်ကားကြည့်ရန်