ဆယ်ကျော်သက်ကောင်လေး ကျောင်းမင်လန်ဟာ အိမ်မှာ မနေချင်ဘူး။ သူ့မိဘတွေက ချမ်းသာပြီး သားကို ချစ်သလို အလိုလည်း လိုက်ကြပေမယ့် သူတို့အိမ်ထောင်ရေးက အဆင်မပြေပါဘူး။ ကျောင်းမင်လန်လိုချင်တဲ့ မေတ္တာမျိုးကိုလည်း မပေးနိုင်ကြဘူး။ သူနဲ့ မောင်နှမဝမ်းကွဲတော်တဲ့ ချန်ယွီဖုန်းမှာလည်း မိသားစုအခက်အခဲတွေ ရှိနေပါတယ်။ အမေက ငယ်ငယ်ကတည်းက ထားသွားခဲ့ပြီး ရာထူးနေရာကိုပဲ အာရုံစိုက်တဲ့ အဖေက သူ့လက်ထောက်နဲ့ နောက်အိမ်ထောင်ပြုလိုက်တော့ ယွီဖုန်းလည်း အထီးကျန်နေခဲ့တယ်။ တစ်အိမ်တည်း အတူနေပေမယ့် ဒီမောင်နှမနှစ်ယောက်က စကားမပြောကြပါဘူး။ ကျောင်းမင်လန် သဘောကျနေသူက ယွီဖုန်းရဲ့သူငယ်ချင်းဖြစ်ပြီး အပြာရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ယွီဖုန်းကလည်း သူငယ်ချင်းဖြစ်သူ မေတ္တာငတ်နေမှာ၊ ဒုက္ခရောက်နေမှာကို စိုးရိမ်လို့ ကူညီစောင့်ရှောက်ပေးရင်း ချစ်မိသလို ဖြစ်လာတယ်။ ဒီအခါ ကျောင်းမင်လန်က အစ်မဝမ်းကွဲဟာ သူ့ချစ်သူကို လုယူနေတယ်လို့ ထင်သွားပါတယ်။ အဲဒီအထင်နဲ့ ကိုယ်ထင်ရာ လုပ်လာတဲ့ ကျောင်းမင်လန်ကြောင့် သူတို့ကြားက ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲ။
ဇာတ်ကားကြည့်ရန်