Battle of Fates (2026) အပိုင်းသစ် (1 မှ 10) စ/ဆုံး Disney+ကနေပြီး ထွက်ရှိလာတဲ့ ပရလောကတွေနဲ့ နတ်ဝင်သည်တွေအကြောင်း စိတ်ဝင်စားသူတို့အတွက် အမိုက်စားရှိုးလေးကို တင်ဆက်ပေးချင်ပါတယ်။ ကံကြမ္မာဖတ်သူဆိုပြီး နတ်ဝင်သည်တွေ နဲ့ ဇာတာဖတ်သူတွေ စုစုပေါင်း၄၉ယောက် ပါဝင်ကြမှာ ဖြစ်ပြီးတော့ မစ်ရှင်တွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်ရင်း ပညာတွေပြိုင်ကြပုံကို စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ စိတ်ဝိညာဉ်အားကောင်းလွန်းလှတဲ့ နတ်ဝင်သည်တွေရဲ့ ဖတ်ကြားချက်တွေကြောင့် အံ့ဩထိတ်လန့်ရသလို ကံဇာတာကို သီအိုရီကျကျ တွက်ချက်ရင်း ကံကြမ္မာဖတ်တဲ့ ဇာတာဖတ်သူတွေရဲ့ အရည်အချင်းကလည်း ချီးကျူးချင်စရာကောင်းနေပြန်ပါသေးတယ်။ ရှေ့ဖြစ်ဟောတွေ နတ်ဝင်သည်နဲ့ မမြင်နိုင်တဲ့လောကကြီး အကြောင်း စုံစုံလင်လင် သိရှိနိုင်မှာဖြစ်ပြီး ပုံမှန်ရှိုးတွေနဲ့ မတူညီတဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်မှာသေချာပါတယ်။ ထူးခြားဆန်းပြားတာတွေမှ ကြည့်ချင်ကြတဲ့လူတွေအတွက် အချိန်ပေးပြီးကြည့်ရတာ တန်တဲ့ survival showလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်။ Aired: Feb 11, 2026 - ? Aired On: Wednesday Genres: Horror, Supernatural, Mystery, Reality Show Episodes: 10 Original Network: Disney+
ဇာတ်ကားကြည့်ရန်Shindong ပါဝင်သော ဇာတ်ကားများ
2 ကား
Battle of Fates
2026 · ဇာတ်လမ်းတွဲ
The Great Escape (Season4) လူသားတွေဟာ ရှင်သန်နိုင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ခွန်အား ဉာဏ်အား အကုန်လုံးကို အသုံးပြုတတ်တဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။ Survival Show တွေထဲမှာမှ အောင်မြင်ကျော်ကြားပြီး စိတ်လှုပ်ရှားဖို့အရမ်းကောင်းတဲ့ The Great Escape ရဲ့ Season 4 ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရှိုးထဲမှာတော့ ပါ၀င်သူခြောက်ယောက်က မတူညီတဲ့ နေရာမျိုးစုံကိုသွားပြီးတော့ ရှင်သန်နိုင်အောင်ကြိုးစားပြီး လွတ်မြောက်အောင်ထွက်ပြေးရမှာပဲ ဖြစ်ပါတယ်။ မတူညီတဲ့နေရာတွေက ဘယ်လိုမျိုးတွေလဲဆိုတော့ ခြောက်ခြားစရာဆေးရုံပျက်၊ လူသူကင်းမဲ့တဲ့ စက်မှုဇုန်ဟောင်းကြီး၊ သွေးပျက်စရာ ထောင် စသဖြင့် အလန်းစားနေရာတွေအပြင် Event တွေအနေနဲ့ ဖုတ်ကောင်ပျက်ကပ်၊ အကြမ်းဖက်အဖွဲ့အစည်းအန္တရာယ်၊ Robot များအပြင် စုန်း၊ တစ္ဆေ၊ သရဲများနဲ့နှင့် ရင်ဆိုင်ကျော်လွှားရတဲ့ event တွေပါ ပါ၀င်သွားမှာမို့ Season 4 ကတော့ လုံး၀အလန်းစား Show တစ်ခုပဲ ဖြစ်ပါတယ်။ အဖွဲ့၀င်များကတော့ Super Junior အဖွဲ့၀င် Shindong, Variety show တွေရဲ့ သမ္ဘာရင့် ဝါရင့် Kang Ho Dong, ဟာသနဲ့ အူကြောင်ကြောင်နိုင်မှုမှာ နာမည်ကြီးတဲ့ Kim Jong Min, Block B အဖွဲ့ထဲက P.O, ကိုရီးယားရဲ့ ကိုယ်ခံပညာရှင် Kim Dong Hyun နဲ့ ဇာတ်ညွန်းနှင့် ဒါရိုက်တာ Yoo Byung Jae တို့မှ အဓိကပါ၀င်တင်ဆက်သွားမှာဖြစ်ပါတယ်။ Production အနေနဲ့လည်း အရမ်းကို အကုန်အကျခံရိုက်ကူးထားပြီး ဇာတ်ညွန်းနဲ့ မစ်ရှင်တွေကလည်း ကာယရော ဉာဏကိုပါ အသုံးချပြီး ရှင်သန်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၃ ပိုင်း ပါ၀င်မှာဖြစ်ပြီး Channel Myanmar မှ အစအဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ အညွှန်းကိုတော့ TarTee Poe က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ်။ Genre.....Reality Episodes....13 Episodes Quality….WEB-DL 1080p and 720p File size…1.2GB and 600MB Format…mp4 Duration….60min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Variety Pro Max Encoder ..... August
ဇာတ်ကားကြည့်ရန်