Peter Rabbit 2: The Runaway (2021) IMDb Rating - 6.2/10 ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား??? ဒုတိယကားလေးကိုလည်း စောင့်နေကြမှန်းသိလို့ CM က တင်ဆက်ပေးလိုက်ပါပြီနော်... အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာ လေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။ အဓိကကတော့ ပီတာရဲ့ မတည့် အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ စောင်းဆို ပီတာကလည်း ဘယ် တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣 ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ် ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ် ရေးဖို့ အကြံပြုပါတော့တယ်။ ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့ ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥 ဝေဖန်ဒဏ်တွေ စွပ်စွဲချက်တွေကို မခံစားနိုင်တော့တဲ့ ပီတာလေး စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားရင်း မရင်းနှီးတဲ့မြို့ကြီးမှာ ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရပြီး တကယ့်ဗီလိန်အစစ်ကရော ဘယ်သူလဲဆိုတာကိုတော့ ရုပ်ရှင်ထဲကသီချင်းလေးတွေနဲ့အတူ စီးမြောရင်း အဖြေရှာလိုက်ရအောင်နော် . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Jo Jo Va မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va, Yoon Sandi Aung, Amelia, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 33min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Adventure, Comedy Source : 1080p.WebRip Translator – Jo Jo Va, Yoon Sandi Aung, Amelia, Thet Hnin Su Encoder – SWM
ဇာတ်ကားကြည့်ရန်