In the Hand of Dante (2026) အမေရိကန်ဂျာနယ်လစ်စာရေးဆရာကြီးနစ်ခ်တော်ရှေးရဲ့ နာမည်ကြီးဝတ္ထုကို ဂန္ထဝင်ဇာတ်ကောင်တွေအကြောင်း လှလှပပ ပုံဖော်ပြတတ်တဲ့ ဒါရိုက်တာကြီး ဂျူလီယန်ရှနာဘဲလ် အသက်သွင်းရိုက်ကူးပြီး အော်စကာအိုင်းဆက်၊ အယ်လ်ပချီနို၊ ဂျရက်ဒ်ဘတ်တလာ၊ ဂျွန်မယ်လ်ကိုဗစ်ချ်တို့လို့ ဆရာ့ဆရာကြီးတွေပါဝင်ထားတဲ့ရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒန်တေးဆိုတာ အီတလီစာပေလောကရဲ့ ဖခင်ကြီးလို့ပြောလို့ရတဲ့ ၁၃ ရာစုတုန်းက ကဗျာဆရာကြီးတစ်ယောက်ပါ။ The Divine Comedy ဆိုတဲ့ ကဗျာရှည်ကြီးဟာ သူရေးခဲ့တဲ့ကဗျာတွေထဲမှာ အကောင်းဆုံးလက်ရာလို့ပြောလို့ရပါတယ်။ နစ်ခ်တော်ရှေးဟာ နယူးယော့ခ်မြို့က စာရေးဆရာတစ်ယောက် ဖြစ်ပြီး ဒန်တေးရဲ့ ကဗျာတွေအပေါ် အစွဲအလမ်းကြီးသူပါ။ သူ့ရဲ့ ဒန်တေးအပေါ်စွဲလန်းမှုကို အခွင့်ကောင်းယူပြီး မာဖီယားဂိုဏ်းချုပ်ကြီး ဂျိုးဘလက်ခ်ဟာ ဗာတီကန်ရဲ့ လျှို့ဝှက်မော်ကွန်းတိုက်ထဲကနေ ပျောက်ဆုံးသွားတဲ့ ဒန်တေးရဲ့ The Divine Comedy မူရင်းလက်ရေးစာမူကို စစ်ဆေးအတည်ပြုပြီး မာဖီယားတွေအတွက် ခိုးယူပေးဖို့ နစ်ခ်ကို အကျပ်ကိုင်စေခိုင်းဖို့လုပ်ပါတယ်။ ဒီနောက်မှာတော့ နစ်ခ်ဟာ သွေးဆာနေတဲ့ လူသတ်သမား လူဝီနဲ့အတူ အန္တရာယ်များတဲ့ အမှောင်လောကထဲမှာ ကျင်လည်ရပုံကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားကြရမှာပါ...။ File size… 12.48 GB Quality… WEB-DL 1080p Format… mp4 Duration…. 2h 33m Genre ..... Drama , Crime Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်