ဘန်လေမြို့က ဒေ့ဖစ်ဝစ်ဟာ မြို့ခံတွေရဲ့စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီပေးနေတဲ့ အသေးစားသူဌေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ လူတွေကို ကူညီပေးနိုင်ဖို့ ဒေ့ရဲ့ဘဏ်လို့ခေါ်တဲ့ ဘဏ်အသေးစားတစ်ခု ဖွင့်ချင်လာတယ်။ ဒါပေမဲ့ ဘဏ်တစ်ခု ထူထောင်ဖို့ဆိုတာ သူမျှော်လင့်ထားသလောက် မလွယ်ကူပါဘူး။ ယူကေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများဘုတ်အဖွဲ့က ဘဏ်လောကကို လက်ဝါးကြီးအုပ်ထားပြီး ဒေ့ရဲ့အစီအစဉ်ကို တားဆီးဖျက်ဆီးဖို့ လုပ်လာကြတယ်။ ဒေ့တစ်ယောက် ဒီအတားအဆီးတွေကို ကျော်လွှားပြီး ဘဏ်ဖွင့်နိုင်ပါ့မလား။ ချမ်းသာတဲ့နိုင်ငံတစ်ခုထဲက ဘန်လေမြို့လေးကရော ဆင်းရဲတွင်းကနေ လွတ်မြောက်လာနိုင်မလားဆိုတာကို ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းအဖြစ် တင်ဆက်ထားပါတယ်။ ဒေ့နေရာမှာ Rory Kinnear၊ သူ့ရှေ့နေ ဟူ့စတော့ဝဲလ်နေရာမှာ Joel Fry နဲ့ သူ့တူမအဖြစ် Phoebe Dynevor တို့ ပါဝင်ထားကြတယ်။ Rory Kinnear ကို No Time to Die၊ Skyfall၊ The Imitation Game နဲ့ Peterloo တို့မှာ တွေ့ဖူးကြမှာဖြစ်သလို Joel Fry ကလည်း Game of Thrones၊ Cruella၊ Paddington 2 နဲ့ A Boy Called Christmas တို့မှာ ပါဝင်ခဲ့သူပါ။ Phoebe Dynevor ကတော့ Bridgerton ထဲက မင်းသမီးဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်