La Dolce Villa (2025) "အချစ်ဂေဟာ" ပေါ့ပေါ့ပါးပါးရယ်မောရင်း အချိုလေးတွေမှ စားချင်တဲ့ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ အမေရိကန် Rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ အီတလီက ချစ်စရာမြို့လေးတစ်မြို့ကို အခြေခံရိုက်ကူးထားတာမို့ အမြင်ဆန်းဆန်းလေးနဲ့ တစ်မျိုးကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ အဲရစ်ဟာ တစ်နေ့တော့ အီတလီကမြိုလေးတစ်မြိုကို ခရီးထွက်ရဖို ဖြစ်လာပါတယ်။ သွားသာသွားရပေမဲ့ အီတလီသွားတိုင်း ပြဿနာတစ်ခုခု တက်တတ်တာဟာ အဲရစ်ရဲ့ အီတလီကျိန်စာတစ်ခုလို ဖြစ်နေပါပြီ။ ဒီတစ်ခါမှာတော့ အဲရစ်ရဲ့တစ်ဦးတည်းသော မိတဆိုးသမီးလေးက အီတလီက မြို့ငယ်လေးတစ်မြို့မှာ တစ်ယူရိုတန်ဗီလာတစ်လုံး၀ယ်မယ်ဆိုတဲ့ သတင်းကြောင့် သမီးဖြစ်သူကို တားဆီးဖို့ ဒီခရီးကို မဖြစ်မနေထွက်လာခဲ့ရတာပါ။ ဒီလိုနဲ့ အီတလီနဲ့အကျိုးပေးမကောင်းခဲ့တဲ့ အဲရစ်တစ်ယောက် သူ့ရဲ့အီတလီခရီးစဉ်မှာ သမီးဖြစ်သူနဲ့တင်မက သူ့အတွက် အရွယ်လွန်အချစ်နဲ့ပါ ဆုံဆည်းမိတဲ့အခါမှာတော့... အဲရစ်ရဲ့အီတလီကျိန်စာက အဆုံးသတ်သွားမလားဆိုတာ ကြည်နူးပျော်ရွှင်စရာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM team ပါ။) File size… 2.2 GB / 973 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM team
ဇာတ်ကားကြည့်ရန်