DNA (2025) အမှန်တရားအား ရှာပုံတော်ဖွင့်ခြင်း IMDb 7.8 မှောင်မိုက်ပြီး မိုးတွေအပြင်းအထန်ရွာနေတဲ့ ညတစ်ည... ကားလမ်းမကြီးကလည်း ဖြူးလို့ အေးစိမ့်မှုတွေ ဝါးမျိုထားတဲ့ အနေအထားမှာ တစ်နေကုန်ပင်ပန်းထားပြီး တစ်ယောက်တည်း ကားမောင်းပြန်သူအဖို့တော့ အိပ်ငိုက်ချင်စရာအတိဖြစ်နေခဲ့ပါတယ် အမှန်တကယ်လည်း မောင်းရင်း အိပ်ငိုက်နေခဲ့တဲ့ ဗာရာဒါက မိနစ်ပိုင်းလောက်အမှားလေးတစ်ခုနဲ့ တစ်ဘဝလုံးစာ ပြန်ပေးဆပ်ဖို့ဖြစ်လာခဲ့ပါတယ် ။။ ကလေးရဖို့ ၁၀ နှစ်တာကြိုးစားခဲ့ပြီး နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်လေးပေါ်ပေါက်လာခဲ့တဲ့ လင်မယား ၂ယောက် မိုးသည်းတဲ့ညတစ်ည ဆိုင်ကယ်လေးတစ်စီးနဲ့ လိုရာခရီးသွားရင်း ကိုယ့်အမှားမဟုတ်ပါဘဲ ၁၀ နှစ်တာမျှော်လင့်ချက်ကို လက်လွှတ်ခဲ့ရသူတွေ ဒါပေမဲ့ သူတို့ထင်ထားသလောက် အကြောင်းအရာက ရိုးရှင်းမနေဘူးပေါ့ ဒီဇာတ်ကြောင်းက ၁၀ စုနှစ်တစ်ခုအကြာမှာ ပြန်ပေါ်ပေါက်လာတဲ့အခါ အမှန်တရားက ဘယ်တွေများ ပေါ်ထွက်လာဦးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 3 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်ကားကြည့်ရန်