The Invite (2026) ++++++++++ IMDb Rating (7.9) / Rotten Tomatoes (97%) ဒီဇာတ်ကားကတော့ Comedy, Drama နဲ့ Romance အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jonathan Dayton နဲ့ Valerie Faris တို့က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Amy Adams, Paul Rudd, Tessa Thompson နဲ့ Alan Cumming တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ရန်ဖြစ်ပြီးကွဲခါနီးဖြစ်နေတဲ့ လင်မယားနှစ်ယောက်အိမ်ကို ဘေးခန်းက လင်မယားကလာလည်ပြီး အုပ်စုလိုက်ပျော်ပါးဖို့လာစည်းရုံးတဲ့ကားပါ။ တစ်ကားလုံးတလွဲချည်းတွေ ပြောကြပြီး ခွီနေရတာမျိုးပါ။ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ အိမ်ထောင်သက်တမ်း ကြာမြင့်လာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်တွေ ပျောက်ဆုံးပြီး စိတ်ဆင်းရဲစရာ အေးစက်စက် အိမ်ထောင်ရေးကို ဖြတ်သန်းနေရတဲ့ Joe နဲ့ Angela ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဆီကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ Angela ဟာ သူတို့အိမ်ရဲ့ အပေါ်ထပ်မှာ နေထိုင်ပြီး အပျော်အပါးမက်ကြတဲ့ အိမ်နီးချင်း ဇနီးမောင်နှံကို ညစာစားပွဲဖိတ်မိလိုက်ပါတယ် ။ အဲဒီညစာစားပွဲကို တက်ရောက်ရင်းကနေ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ အခြေအနေတွေ၊ မထင်မှတ်ထားတဲ့ ပွင့်လင်းလွန်းတဲ့ ကမ်းလှမ်းမှုတွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါ မိသားစုနဲ့ အိမ်ထောင်ရေးအပေါ် ထားရှိတဲ့ သူတို့ရဲ့ အမြင်တွေ ပြောင်းလဲသွားပြီး ဟာသနဲ့ ဒရာမာ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File Size… (2.48GB) / (741MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 47m Genre ….Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်