★ 6.6
ဇာတ်ကား / 2022Luckiest Girl Alive
Ani ဟာ နယူးယောက်မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာအဖြစ် အလုပ်လုပ်နေသူပါ။ ချမ်းသာပြီး ရုပ်ချောတဲ့ ခင်ပွန်းလောင်းနဲ့လည်း မကြာခင် လက်ထပ်တော့မှာဆိုတော့ လူအများအမြင်မှာ သူ့ဘဝက အစစအရာရာ ပြည့်စုံနေပုံရပါတယ်။ ဒါပေမယ့် အပြင်ပန်းက မြင်ရတဲ့ဘဝနောက်မှာ သူဖုံးကွယ်ထားတဲ့ အတိတ်က ဒဏ်ရာတွေ ရှိနေတယ်။ တစ်နေ့မှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်က Ani တက်ခဲ့တဲ့ ကောလိပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအကြောင်း ရိုက်ကူးဖို့ လာကမ်းလှမ်းပါတယ်။ အဲဒီကနေ သူဖုံးကွယ်ထားခဲ့တဲ့ အတိတ်က ပုံရိပ်တွေ တစ်စတစ်စ ပြန်ပေါ်လာပြီး ပစ်ခတ်မှုနဲ့ ဆက်နွှယ်နေတဲ့ ဖုံးကွယ်ခံပြစ်မှုတွေလည်း ပြန်ပေါ်ပေါက်လာတယ်။ ကျူးလွန်ခံရသူဖြစ်ပေမယ့် ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းကြောင့် ထုတ်မပြောရဲဘဲ မြိုသိပ်ထားရခြင်း၊ တစ်ခါတလေ ကျူးလွန်သူအဖြစ်တောင် ပြန်စွပ်စွဲခံရခြင်းတို့ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။
ဇာတ်ကားကြည့်ရန်