Jailangkung: Sandekala (2022) IMDb Rating (5.7) ဂျိုင်လန်ကွန်း (Jailangkung) ဆိုတာအင်ဒိုနီးရှားမှာခေတ်စားတဲ့ နာမည်ကျော်ဝိဉာဉ်ခေါ်အရုပ်တစ်မျိုးဖြစ်ပြီး သူတို့ဟော်ရာကားတွေမှာမကြာခဏတွေ့မြင်ရတတ်တာ သတိထားမိကြပါလိမ့်မယ်။ သူဟာ ouija board လိုမျိုးအလုပ်လုပ်ပြီး အဲ့ဒီလိုပဲမလိုလားအပ်တဲ့ဝိဉာဉ်တွေဝင်ရောက်လာတတ်သလို ဘေးထွက်ဆိုးကျိုးတွေလည်းမကြာခဏပေးတတ်ပါသေးတယ်။ ဒီဇာတ်ကားမှာလည်း ဂျိုင်လန်ကွန်းက အဓိက ဇာတ်ဆောင်နေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ နယ်ဘက်ကိုအပန်းဖြေခရီးထွက်လာတဲ့ မိသားစုတစ်စု ခရီးတစ်ထောက်နားကြရင်း နေဝင်ရီတရောမှာသူတို့သားအငယ်ဆုံးလေး ပျောက်သွားတာနဲ့စတင်ထားပါတယ်။ နယ်ခံရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ပိုက်စိပ်တိုက်ရှာဖွေကြရင်း သူတို့သိလာတာကတော့ဒီနားဝန်းကျင်မှာ ကလေးတွေမကြာခဏပျောက်ဆုံးလေ့ရှိပြီးပျောက်ဆုံးမှုအားလုံးမှာလည်း တူညီတဲ့အချက်တွေ အများကြီးရှိနေပါတယ်။ ပျောက်ဆုံးပြီးမကြာခင် ကလေးအလောင်းတွေ့ရှိတယ်လို့သတင်းကြားတဲ့အချိန်မှာစိုးရိမ်တကြီး သွားကြည့်ခဲ့ပေမယ့် သူတို့သားငယ်မဟုတ်ပဲတစ်ခြားကလေး ဖြစ်နေလို့စိတ်သက်သာရာရခဲ့ပေမယ့် အဲ့ဒီကိစ္စနဲ့ဆက်စပ်ပြီး သိလိုက်ရတဲ့အချက်တစ်ခုကစိုးရိမ်စိတ်ကိုငယ်ထိပ်တက်ဆောင့်စရာဖြစ်ခဲ့ပါတယ်။ အဲ့ဒါတွေတင်မကပဲ မိခင်ဖြစ်နဲ့အစ်မဖြစ်သူဟာ သူတို့သား/မောင်ရဲ့ဝိဉာဉ်အရိပ်ကိုထိတ်လန့်ဖွယ်သဏ္ဍာန်နဲ့မကြာခဏခြောက်လှန့်မှုတွေပါရင်ဆိုင်လာရပါတော့တယ်။ အစကနေအဆုံးအထိစိတ်ဝင်တစားရှုစားရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပြီး ထင်မှတ်မထားတဲ့ဇာတ်လမ်းအချိုးအကွေ့တွေ ခြောက်လှန့်ခန်းတွေပါ ရှယ်ကြမ်း ရှယ်မိုက်ပါတယ်။ File size… (1.8 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery Duration…. 01:31:44 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်