အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်နေတဲ့နေရာတစ်ခုကို Donnie Yen တို့အဖွဲ့ ဝင်စီးတဲ့အခါ အဖွဲ့ဝင်တစ်ယောက် ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။ အဲဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဖလင်လိပ်က လမ်းဖြတ်လျှောက်လာတဲ့ ရှောင်လျို့ရဲ့လက်ထဲ အမှတ်မထင် ရောက်သွားတယ်။ အဲဒီကစပြီး သူ့အတွက် ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာတော့တာပါ။ ဒီအမှုမှာ အာဏာရှိသူတွေပါ ပါဝင်ပတ်သက်နေတဲ့အတွက် မျက်မြင်သက်သေဖြစ်သွားတဲ့ ရှောင်လျို့လည်း အခက်တွေ့ရပါတယ်။ သူ ဘာကိုမြင်ခဲ့တာလဲ၊ လက်ထဲရောက်လာတဲ့ ဖလင်လိပ်ကြောင့် နောက်ထပ် ဘာတွေရင်ဆိုင်ရဦးမလဲဆိုတာနဲ့ ဇာတ်လမ်းကို ဆက်ထားတယ်။ ၁၉၈၉ ခုနှစ်ထွက် In the Line of Duty 4 ကို The Witness လို့လည်း ခေါ်ကြပြီး Donnie Yen နဲ့ Cynthia Khan တို့ အဓိကပါဝင်ထားပါတယ်။ မြန်မာပရိသတ်ကြားမှာ “ဟောင်ကောင်ဂျက်မ” လို့ လူသိများတဲ့ ကွန်ဖူးကျွမ်းကျင်သူ ရဲမေစုံထောက်ဇာတ်ကားတွေထဲက စတုတ္ထမြောက်ကားပါ။ Michelle Yeoh နဲ့ Cynthia Khan တို့ အဓိကပါဝင်ခဲ့ကြတဲ့ ဒီဇာတ်ကားအတွဲတွေမှာ အက်ရှင်၊ ဟာသနဲ့ ဒရာမာကို တွဲဖက်တင်ဆက်လေ့ရှိပြီး ဒီကားမှာလည်း Donnie Yen နဲ့ Cynthia Khan တို့ရဲ့ တိုက်ခိုက်ခန်းတွေကို တွေ့ရပါတယ်။
ဇာတ်ကားကြည့်ရန်