ဇာတ်ကား / 2022Get Paid
ချစ်ရတဲ့ခင်ပွန်းနဲ့ သားလေးရှိပြီး စီးပွားရေးလည်း အဆင်ပြေလာတဲ့ ဒွန်နီရဲ့ဘဝဟာ သာသာယာယာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ အိမ်ဓားပြတိုက်ခံရမှုမှာ သားလေးသေဆုံးသွားတော့ အရာရာ ပြောင်းလဲသွားတယ်။ ဒွန်နီနဲ့ ခင်ပွန်း ပိတ်တို့လည်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရင်း လမ်းခွဲလိုက်ကြပါတယ်။ စိတ်လေနေတဲ့ ဒွန်နီရဲ့ဘဝထဲကို သူမအပေါ် ချစ်ခင်ကြင်နာတဲ့ အမျိုးသားတစ်ယောက် ဝင်လာတဲ့အခါ သူမ ပြန်ပျော်ရွှင်လာခဲ့တယ်။ ဒါပေမဲ့ ဒီအချစ်ရေးသစ်က အဆုံးထိ ပျော်ရွှင်စရာဖြစ်နိုင်ပါ့မလား။ မထင်ထားတဲ့ အလှည့်အပြောင်းတွေကြားမှာ သားလေးကိုသတ်ခဲ့တဲ့ တရားခံတွေကိုရော ဖမ်းမိနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်