★ 6.9
ဇာတ်ကား / 2019Danger Close: The Battle of Long Tan
၁၉၆၆ ခုနှစ် ဩဂုတ်လမှာ ဗီယက်နမ်နိုင်ငံ၊ လောင်းတန်က ရော်ဘာစိုက်ခင်းတစ်ခုအတွင်း တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တစ်ဖက်မှာ ဩစတြေးလျနဲ့ နယူးဇီလန်က တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်စစ်သား ၁၀၈ ယောက်၊ တစ်ဖက်မှာတော့ အတွေ့အကြုံရှိတဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်းစစ်သား ၂၅၀၀ တို့ ရင်ဆိုင်ကြရတာပါ။ မိုးတွေရွာနေတဲ့ကြားက တိုက်ပွဲဝင်နေရင်း လက်နက်ခဲယမ်းတွေပါ ကုန်သွားတဲ့အခါ လူငယ်စစ်သားတွေအတွက် အသက်ရှင်ကျန်ဖို့ ပိုခက်လာပါတယ်။ နယ်မြေကိုလည်း တစ်ဖက်က ပိုကျွမ်းကျင်နေတော့ သူတို့လက်ထဲ မကျရောက်ဖို့နဲ့ ကိုယ့်အသက်ကို ဆက်ထိန်းထားနိုင်ဖို့ ဒီစစ်သားတွေ ဘယ်လို ရုန်းကန်ကြမလဲ။
ဇာတ်ကားကြည့်ရန်