★ 6.2
ဇာတ်ကား / 2022Nightride
မူးယစ်ဆေးအရောင်းအဝယ်လုပ်လာတာ ခုနစ်နှစ်ရှိပြီဖြစ်တဲ့ ဘတ်ဂျ်က နောက်ဆုံးအကြိမ် အရောင်းအဝယ်တစ်ခုလုပ်ဖို့ ညတစ်ညမှာ ကားပေါ်တက်လာပါတယ်။ ယူကရိန်းသားတွေနဲ့ အချီကြီးလုပ်ဖို့ စီစဉ်ထားပေမယ့် ရဲတွေ လိုက်လာတဲ့အခါ ကိုယ်တိုင်အပေးအယူလုပ်ဖို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် လက်အောက်ငယ်သားတွေကို ဖုန်းဆက်ညွှန်ကြားပြီး လုပ်ခိုင်းလိုက်ရာက ကိစ္စတွေ တစ်ခုပြီးတစ်ခု လွဲကုန်ပါတော့တယ်။ ဇာတ်ကားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ကားတစ်စီးထဲမှာပဲ ရိုက်ပြထားပြီး တစ်ဆက်တည်းရိုက်ထားသလို အချိန်နဲ့အမျှ ဖြစ်ပျက်လာတာတွေကို လိုက်ပြထားပါတယ်။ ဘတ်ဂျ်ရဲ့ ဖုန်းအဆက်အသွယ်တွေကနေ အရောင်းအဝယ်အခြေအနေနဲ့ ပြဿနာတွေကို သိလာရတာပါ။ နောက်ဆုံးအကြိမ်လို့ ရည်ရွယ်ထားတဲ့ အပေးအယူ အောင်မြင်နိုင်မလား၊ လွဲချော်သွားတဲ့အခြေအနေတွေကို သူဘယ်လို ပြန်အဖတ်ဆယ်မလဲဆိုတာကို ဒီညတစ်ညအတွင်း ဆက်လိုက်ရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်