Untold UK: Liverpool's Miracle of lstanbul (2026) ++++++++++++++++++++++ IMDB - 7.5/10 ဘောလုံးပွဲသမိုင်းတလျှောက် ချန်ပီယံလိဒ်ဖိုင်နယ်သမိုင်းကြောင်းတလျှောက် ၂၀၀၅ ခုနှစ် အီစ္စတန်ဘူဖိုင်နယ်ဖြစ်တဲ့ လီဗာပူးနဲ့ အေစီမီလန်တို့ပွဲစဉ်ဟာ သမိုင်းဝင်တဲ့အကောင်းဆုံးထဲက ပွဲစဉ်တစ်ပွဲဆိုတာတော့ ငြင်းလို့မရတာ အသေအချာပါပဲ။ အဲဒီကာလတုန်းက လီဗာပူးဆိုတာက သမိုင်းကြောင်းပဲရှိပြီး အခြေအနေ မဟန်တော့တဲ့ အသင်းအဆင့်သာသာ ဖြစ်လို့နေခဲ့ပါပြီ။ နာမည်ကြီး ကစားသမားဆိုလို့လည်း မိုက်ကယ်အိုဝင်တို့ စတီဗင်ဂျရတ်တို့ ဒါတွေပဲရှိတာပေါ့လေ။ အဲဒါကို မိုက်ကယ်အိုဝင်ကလည်း ကြယ်စင်စု ရီးရဲလ်ကို ပြောင်းသွားခဲ့တယ်။ ဂျရတ်ကိုယ်တိုင်လည်း အဲဒီခေတ်က အီဗရာဟင်မိုဗစ်ချ်နဲ့ မော်ရင်ညိုတို့ ချယ်ဆီးအသင်းကို ရောက်လုနီးပါးတွေ ဖြစ်ခဲ့တာပဲ။ ဆိုတော့ ဒီလို ပရမ်းပတာဖြစ်နေတဲ့အသင်းကို နည်းပြအသစ် ရာဖေးလ် ဘင်နီတက်ဇ် ရောက်လာတယ်။ ပရီးမီးယားလိဒ်မှာ အခြေအနေမကောင်းပေမဲ့လည်း အိပဲ့အိပဲ့နဲ့ ချန်ပီယံလိဒ်ဖိုင်နယ်အထိ တက်လာတဲ့ လီဗာပူးအနေနနဲ့ ဖိုင်နယ်မှာ ကန်ရမှာက စပါယ်ရှယ်ကမ္ဘာကျော်ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့ စူပါ အေစီမီလန်ကြီး။ စာနယ်ဇင်းပွဲတွေမှာကစ ဘယ်နှဂိုးလောက်နဲ့တောင် အနိုင်ယူသွားမလဲဆိုပြီး ဆီနဲ့ရေလို ကွာခြားနေတဲ့ပွဲ ဖြစ်ခဲ့တယ်။ ဒီလိုထင်ကြေးပေးတဲ့အတိုင်းပဲ ပထမပိုင်းတင် အေစီက ၃ ဂိုးပြတ်ဆိုပြီး အားရပါးရ ဆော်ထည့်လိုက်တာပေါ့ဗျာ။ ကြည့်နေတဲ့လူတွေလည်း အကုန်သွားပြီ ဒါပဲ ပွဲသိမ်းပြီပေါ့လေ။ ကျွန်တော်ကိုယ်တိုင်တောင် လီဗာပူးဖန်ဆိုပေမဲ့ ၁၀ နှစ်ကျော်ကလေး ကျောင်းသားအရွယ်ဆိုတော့ ပထမပိုင်းအပြီး စိတ်ပျက်လက်ပျက်နဲ့ အိပ်ရာဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ Comback သမိုင်းမှာ အကောင်းဆုံးပွဲတစ်ပွဲအနေနဲ့ ဒုတိယပိုင်းမှာ လီဗာပူးဟာ အံ့မခန်းလောက်စွာနဲ့ ၃ ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသမားဒူးဒတ် လက်စွမ်းပြမှုတွေနဲ့အတူ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ လီဗာပူးအနေနဲ့ အဲဒီ ၂၀၀၅ ခုနှစ်အတွင်း ဘယ်လိုတွေရုန်းကန်ခဲ့ကြတယ် ဘာတွေဖြစ်ခဲ့ကြတယ် ဂျရတ်ဘာလို့ အသင်းမပြောင်းဖြစ်သလဲ ဘင်နီတက်ဇ် ဘာတွေပြောင်းလဲခဲ့သလဲ ဖိုင်နယ်မှာ အသေးစိတ် တိတိကျကျ ဘာတွေဖြစ်ခဲ့ကြသလဲ ဆိုတာကို လီဗာပူး ကစားသမားတွေဖြစ်တဲ့ စတီဗင်ဂျရတ်၊ မိုက်ကယ်အိုဝင်၊ ဂျေမီကာရေဂါတို့ အပြင် တခြားကစားသမားတွေကို အင်တာဗျူးပါဝင်တဲ့အပြင် နည်းပြဖြစ်သူ ဘင်နီတက်လည်း ပါဝင်ပြောဆိုထားပြီး ပြန်လည်အလွမ်းပြေ အောက်မေ့လွမ်းဆွတ်ကြပုံကို မှတ်တမ်းဟောင်းများနဲ့တကွ ကြည့်ရှုခံစားနိုင်မယ့် မှတ်တမ်းရုပ်ရှင်ကောင်းလေးပဲ ဖြစ်ပါတယ်ဗျာ...။ File Size… (2.11GB) / (1.09MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 18m Genre ….Documentary , Sport Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်