★ 6.4
ဇာတ်ကား / 2021Fireflies in the Sun
ဇာတ်ညွှန်းဆရာ လင်ရိချန်ဟာ အချစ်အတွက်ဆို တစ်ကမ္ဘာလုံးကိုတောင် မီးရှို့ပစ်မယ့် ဇာတ်ကောင်မျိုးတွေ ရေးလေ့ရှိပါတယ်။ သူ့မှာလည်း ချစ်ရတဲ့ ဇနီး အားလင်နဲ့ သားလေး ရှောင်ချုံတို့ ရှိတယ်။ ငွေကြေးမပြည့်စုံပေမယ့် မိသားစုသုံးယောက် နွေးနွေးထွေးထွေး နေထိုင်လာကြရာက သားလေးမှာ နှလုံးရောဂါရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့မှာ မိဘနှစ်ယောက်စလုံး စိတ်ပူပန်သွားကြပါတယ်။ သားကို ကုသပေးဖို့ ငွေအလျင်အမြန်လိုလာတာကြောင့် လင်ရိချန်တို့ ငွေရှာဖို့ ကြိုးစားနေကြရတယ်။ အဲဒီအတောအတွင်း ဆေးရုံထဲက အကျင့်ပျက်ခြစားမှုတွေအကြောင်း သိလာရပြီး အဲဒီလူတွေရဲ့ လုပ်ရပ်တစ်ခုက သားလေးရဲ့အသက်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဒီတစ်ခါမှာတော့ လင်ရိချန်က လက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ မိသားစုအပေါ်ထားတဲ့ အချစ်နဲ့ ဒေါသကြောင့် သူရေးခဲ့တဲ့ ဇာတ်ကောင်တွေလို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ စီစဉ်လာပါတော့တယ်။
ဇာတ်ကားကြည့်ရန်