ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Max Landis ဖြစ်ကာ သရုပ်ဆောင်တွေကတော့ Social Network ဇာတ်ကားထဲကမင်းသား Jessie Eisenberg ဖြစ်ကာ မင်းသမီးကတော့ Twilight ဇာတ်ကားတွေနဲ့ နာမည်ကျော်လာသည့် Kristen Stewart တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ CIA အေးဂျင်ဟောင်း Mike Howell ဆိုသည့် လူရိုးလူအေးတစ်ယောက်ဟာ West Virginia က Liman ဆိုသည့် မြို့ကလေးမှာနေထိုင်လျက်ရှိတာပါ။ သူရဲ့အလုပ်ကစတိုး ဆိုင်စာရေးဖြစ်ကာ ကာလရှည်တွဲလာခဲ့သည့် ချစ်သူ Phoebe Larson ဆိုသည့်မိန်းကလေးကိုလည်း လပ်ထပ်ခွင့်တောင်းဖို့ ကြံရွယ်နေတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ CIA ဌာနချုပ် Langley မှာရှိသည့် CIA အေးဂျင်း Victora Lasseter ဆိုသူကလည်းသူမ မအောင်မြင်ခဲ့သည့် Ultra ဆိုသည့်ပရိုဂရမ်က တစ်ဦးတည်းကျန်နေသည့်သူ့ကို သူမရဲ့ပြိုင်ဖက် Adrian Yates ဆိုသူကအစဖျောက်ပစ်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။ သူမရဲ့ပရိုဂရမ်ကမအောင်မြင်ခဲ့ပေမယ့် Adrian ကတော့သူရဲ့ Tough Guy ဆိုသည့်ပရိုဂရမ်ကအောင်မြင်မှုရထားတာပါ။ Adrian ကသူ့ရဲ့ Tought Guy ကလူတွေကိုစေလွှတ်ကာ Ultra အေဂျင့်လက်ကျန်ကို ရှင်းခိုင်းလိုက်ပါတယ်။ အဲ့ဒိမှာပဲ Lasseter က Mike ကို ဆက်သွယ်ခဲ့ပါတော့တယ်။ Adrian ရဲ့လူတွေက Mike ရဲ့ကားကိုဗုံးထောင်ကာသူ့ကိုလည်းတိုက်ခိုက်လာပါတော့ တယ်။ Mike က ဒီလူတွေကိုရှင်းပစ်လိုက်ကာ သူ့ရည်းစား Phoebe ထံဖုန်းဆက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးသားလူသတ်မှုဖြင့်ရဲစခန်းရောက်သွားပါတော့တယ်။ Adrian ကရဲစခန်းကိုလူတွေထပ်မံစေလွှတ်ကာ Mike တို့ကို သတ်ခိုင်းခဲ့ပေမယ့်လွတ်သွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ Mike ရဲ့သူငယ်ချင်းဖြစ်သည့် Rose ရဲ့အိမ်ကိုသွား ရောက်ကာပုန်းနေပါတော့တယ်။ Adrian ကတော့ တစ်မြို့လုံးကိုပိတ့်ဆို့ထားပြီး Rose ရဲ့အိမ်ကိုမေ့ ဆေးဓါတ်ငွေ့လွှတ်ကာတိုက်ခိုက်ရာမှာတော့ Rose တစ်ယောက်သေဆုံးသွားခဲ့ပါတော့တယ်။ Mike ကတော့ Phoebe ရဲ့ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရပြန်ပါတယ်။ CIA ရဲ့လုပ်ပုံလုပ်နည်းတွေကို Phoebe တစ်ယောက်သိနေသည့် အတွက်မေးရာမှာတော့ သူမဟာ Mike ကိုထိန်းချုပ်နေရသည့်သူဖြစ်ကြောင်းသိလိုက်ရ ပြီး နောက်မှာတော့ . . . . . . . . . .။ (ရုပ်ရှင်အညွှန်းကို Mr.Black FB Page မှကူးယူဖော်ပြပါသည်။) File size...(800MB) Quality...WEB-Rip 720p Format...mp4 Duration....01:35:33 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung
ဇာတ်ကားကြည့်ရန်