မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးတတ်ပြီး အရာရာကို ပေါ့ပေါ့ပဲ သဘောထားတဲ့ ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်ပါ။ လုပ်စရာရှိတာကိုလည်း ပြီးအောင်မလုပ်တတ်တော့ ဆရာမတွေရဲ့ မျက်မုန်းကျိုးတာကို ခံနေရတယ်။ အတန်းပျက်တာများလာတဲ့အခါ အထက်တန်းအောင်ဖို့ ပြင်သစ်ဆရာမ ဂရော်ဘာဆီက အမှတ်လိုလာပါတယ်။ အဲဒီအချိန်မှာ ဆရာမက နွေရာသီသင်တန်းအတွင်း ပြင်သစ်ကလပ်နဲ့အတူ ပြင်သစ်နိုင်ငံကို လေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေတော့ ကော်ဘန်လည်း ခရီးစဉ်ထဲ ပါလာရတာပါ။ အဖေသဘောတူအောင်တော့ အထက်တန်းအောင်ဖို့ သွားရတာလို့ ပြောထားပေမယ့် ကော်ဘန်ရဲ့စိတ်ထဲမှာ ပါရီက မိန်းကလေးတွေနဲ့ ညဘက်လျှောက်လည်ဖို့ပဲ စီစဉ်နေတယ်။ ဆရာမကလည်း ဒီခရီးမှာ သူ့ကို ပညာပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် သူတို့စီးလာတဲ့ လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန်ဆိုတဲ့ နာမည်တူ နောက်တစ်ယောက် ပါလာတာကနေ မထင်မှတ်တဲ့ကိစ္စ ဖြစ်လာတော့တယ်။ နောက်ကော်ဘန်တစ်ယောက်က အမေရိကန်အသွင်ယူအေးဂျင့်ပါ။ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးထူးဆန်းဆန်း အသတ်ခံနေရတဲ့အချိန်မှာ အော်ရန့်ဘာ့ဂ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ လာတာဖြစ်ပါတယ်။ ဒါပေမယ့် အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီး ကျောင်းသားကော်ဘန်ကို အေးဂျင့်လို့ မှားယူကြတော့တယ်။ ပြင်သစ်မှာ ပျော်ဖို့ပဲ စိတ်ကူးထားတဲ့ ကောင်လေးဟာ နာမည်တူနေတာကြောင့် နိုင်ငံရေးပြဿနာတွေထဲ ဘုမသိဘမသိ ဝင်ပါမိသွားပြီး အလွဲအချော်တွေ ကြုံလာရပါတယ်။
ဇာတ်ကားကြည့်ရန်