Malaikat Malam (2026) IMDb Rating (7.0) အာဇမ်က ဆိုင်ကယ်ဝါသနာရှင်လူငယ်တစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ ဝပ်ရှော့လေးတစ်ခုထောင်ထားပါတယ်။ မူးယစ်ဆေးစွဲပြီး စိတ်ကျနေတဲ့ အစ်ကိုဖြစ်သူကိုစောင့်ရှောက်နေသလို တစ်ဖက်ကလည်း တရားမဝင်လမ်းဘေးဆိုင်ကယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းတစ်နေ့မှာ ဒီကနေ ရတဲ့ငွေနဲ့ နယ်က မိဘပိုင်အိမ်လေးကို ပြန်ပြင်ရင်း အစ်ကိုဖြစ်သူကို ဒါတွေနဲ့ဝေးရာကိုခေါ်ထုတ်သွားဖို့က သူ့ရဲ့အိမ်မက်ပါ။ တစ်နေ့မှာတော့ သူ့ဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်တဲ့ ရတ်တ်နာဆိုတဲ့ မျက်မမြင်မိန်းမလှလေးကိုမြင်မြင်ချင်း ချစ်မိသွားတဲ့အခါ၊ ဝါသနာနဲ့အသက်မွေးဝမ်းကျောင်း၊ အစ်ကိုဖြစ်သူနဲ့ရတ်တ်နာ သူ့ရဲ့အနာဂတ်အိမ်မက်တွေကြားဗျာများဖို့ဖြစ်လာပါတော့တယ်။ Malaikat Malam ဟာလူငယ်တွေထဲမှာဖြစ်တတ်တဲ့ သဘာ၀တွေဖြစ်တဲ့ မိသားစုပြဿနာ၊ငွေကြေးအခက်အခဲ၊ ပြဿနာတွေဆီကလွတ်မြောက်ဖို့လမ်းစကိုရှာဖွေဖို့ကြိုးစားရင်း လမ်းကြောင်းမှန်ရွေးချယ်မှုကိုသုံးသပ်ပြသွားတဲ့ ရုပ်ရှင်ပါ။ လမ်းဘေးဆိုင်ကယ်ပွဲတွေကိုအခြေခံပေမယ့် ပရိသတ်တွေအတွက် အပြုသဘောဆောင်ပြီး အဓိပ္ပါယ်ရှိတဲ့ မက်ဆေ့ချ်တစ်ခုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.6 GB) / (980 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:52:07 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်