မြို့တစ်မြို့မှာ ဖြစ်ပျက်တဲ့ ထူးထူးဆန်းဆန်းအကြောင်းတွေကို လူတစ်ယောက်က တစ်ပုဒ်ပြီးတစ်ပုဒ် ဇာတ်ကြောင်းပြောပြတဲ့ပုံစံနဲ့ ရိုက်ထားတဲ့ ဟာသနဲ့ ထိတ်လန့်စရာ ရောစပ်ထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းတိုတစ်ခုစီမှာ သာမန်မဟုတ်တဲ့ လူတွေနဲ့ အူကြောင်ကြောင်အဖြစ်တွေ ပါဝင်နေပါတယ်။ တစ်ပုဒ်မှာတော့ ခိုးတာ၊ ဓားပြတိုက်တာမျိုး လုပ်မှ လိင်စိတ်နိုးကြားပြီး တင်းမာနိုင်တဲ့သူတစ်ယောက်အတွက် ဓားပြသွားတိုက်ကြတယ်။ နောက်တစ်ပုဒ်မှာ အတိတ်ကလူတစ်ယောက်နဲ့ အနာဂတ်က လာတယ်ဆိုတဲ့လူ တွေ့ကြပါတယ်။ အနာဂတ်ကလာသူက သူဟာ တစ်ဖက်လူရဲ့ အနာဂတ်ဘဝကလူပဲလို့ ပြောပြီး သူတို့နှစ်ယောက် လိင်ဆက်ဆံမှုမလုပ်ရင် ကမ္ဘာပျက်တော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်လည်ဖြားယောင်းပါတယ်။ နောက်ဇာတ်လမ်းတစ်ပုဒ်မှာတော့ စိတ်ကျဝေဒနာခံစားနေရတဲ့ ကောင်မလေးတစ်ယောက်ဟာ သေချင်စိတ်နဲ့ တံတားနားကို ရောက်လာရင်း မြစ်ထဲမှာ အလောင်းတစ်လောင်း တွေ့သွားတယ်။ ရည်းစားတွေနဲ့ အဆင်မပြေခဲ့တဲ့သူက အဲဒီအလောင်းကို ရည်းစားလို သဘောထားပြီး သွားလေရာ ခေါ်သွားတော့ သူငယ်ချင်းတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံရပြန်ပါတယ်။ ဒီအဖြစ်တွေအပြင် တခြားထူးဆန်းတဲ့ ဇာတ်လမ်းတိုတွေလည်း ပါဝင်ပါသေးတယ်။
ဇာတ်ကားကြည့်ရန်