ဇာတ်ကား / 2014My Brilliant LifeMy Brilliant Life (2014)
ပရိသတ်ကြီးတို့အတွက် 2014 ခုနှစ်ကထွက်ခဲ့တဲ့ ဘဝသရုပ်ဖော် ကားကောင်းလေး
တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။
Cast တွေကတော့ အားလုံးသိကြတဲ့ Kang Dong-Won ၊ Song Hye-Kyo နဲ့
ကလေးသရုပ်ဆောင် Jo Sung-Mok တို့အဓိကပါဝင်ထားပြီး အခြားသော ဝါရင့်
သရုပ်ဆောင်ကြီးများစွာ ပါဝင်အားဖြည့်ထားကြတာမို့ cast တွေနဲ့တင် လက်မလွှတ်သင့်တဲ့
ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
တစ်ချိန်ကတိုက်ကွမ်ဒိုကိုကစားရတာကြိုက်တဲ့ ဟန်ဒယ်ဆူ (Kang Dong-Won) နဲ့
အဆိုတော်ဖြစ်ချင်တဲ့ ချွဲမီရာ (Song Hye-Kyo) တို့ရဲ့ သားဖြစ်တဲ့ ဟန်အာရွန်း
(Jo Sung-Mok) ဟာ ရှားပါးတဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တဲ့ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။
ဒီရောဂါဟာ အသက်ကြီးတဲ့နှုန်းမြန်လာပြီး အပြင်ပန်းရုပ်ရည်မှာသာမက ခန္ဓာကိုယ်အတွင်းပိုင်းမှာပါ
အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ ရောဂါတွေပါ ဖြစ်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ။
အသက် ၁၆ နှစ်ဆိုပေမဲ့ အသက် ၈၀ အရွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတဲ့ အာရွန်းဟာ
ဥာဏ်အလွန်ကောင်းပြီး စာရေးတာတော်တဲ့ကလေးဖြစ်ပြီး .. အသက် ၁၇ နှစ် အရွယ်မှာ
သူ့ကိုမွေးခဲ့ကြတဲ့ သူ့အမေနဲ့အဖေရဲ့ အကြောင်းကို ရေးသားပြီးတော့ အဖေနဲ့အမေကို
လက်ဆောင်ပေးဖို့ ကြံရွယ်နေသူပါ။
ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ အီးမေးလ်ကနေတစ်ဆင့် ကုမရတဲ့ရောဂါဖြစ်နေတဲ့ သက်တူရွယ်တူ
ကောင်မလေးတစ်ယောက်နဲ့ စကားအပြန်အလှန်ပြောရင်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးရင်းနဲ့
အာရွန်းတစ်ယောက် ကောင်မလေးအပေါ် သဘောကျမိသွားတဲ့အခါမှာတော့.....
ရှားပါးရောဂါကြောင့် တစ်ရက်ကို တစ်နှစ်လို အချိန်ကုန်နေရပြီး ကိုယ််ကြောင့် ပင်ပန်းနေကြတဲ့
မိဘတွေကို သနားနေတဲ့ ဟန်အာရွန်း....
၁၇ နှစ်နဲ့မိဘဖြစ်လာပြီးနောက် အိပ်မက်တွေကို စွန့်လွှတ်ပြီး မိဘဝတ္တရားကို ကျေပြန်အောင်
လုပ်နေကြတဲ့ ဟန်ဒယ်ဆူနဲ့ ချွဲမီရာ....
ဒီမိသားစု သုံးယောက်ရဲ့ ဘဝအကြောင်းကို ပြုံးတစ်လှည့် ငိုတစ်လှည့် ကြည့်ရှုရမဲ့ ကားကောင်းလေး
တစ်ကားဖြစ်လို့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
File size…1.70GB / 822MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….1 hr. 57 min.
Genre ….. Life, Drama
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်