Scared Shitless (2024) IMDb Rating (5.6) / Rotten Tomatoes (94%) ဆန်နီက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေကိုကြောက်ရွံ့တတ်တဲ့ phoebia တစ်မျိုးရှိပြီး၊ အားနေလက်ဆေးရင်းနဲ့အချိန်ကုန်တတ်ပါတယ်။ အဲ့ဒီလိုအနေအထားနဲ့သူ့ကိုမှ ပိုက်ပြင်သမားဖြစ်သူ အဖေက သူ့လုပ်ငန်းခွင်ထဲအတင်းအကျပ်ခေါ်ဆောင်သွားချိန်မှာ ပြဿနာစပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းခွင်ဝင်ရမယ့် အဆောက်အဦကြီးရဲ့မိလ္လာပိုက်တွေထဲမှာ မအောင်မြင်တဲ့ သိပ္ပံပရောဂျက်တစ်ခုကနေ လွတ်မြောက်လာပြီး သွေးဆာနေတဲ့ ကြောက်စရာအထူးအဆန်းသတ္တဝါတစ်ကောင်လျှောက်သွားပြီး လူတွေကိုတိုက်ခိုက်နေလို့ပါပဲ။ ပိုးမွှားတွေကိုကြောက်ရွံ့တဲ့အတွက် ဘာကိုမှမထိရဲမကိုင်ရဲတဲ့ ဆန်နီတစ်ယောက်၊ ဒီလိုကောင်မျိုးတွေ အများဆုံးကျက်စားရာဖြစ်တဲ့မိလ္လာပိုက်ထဲက သတ္တဝါဆိုးကို ဖခင်ဖြစ်သူနဲ့အတူ ဘယ်လိုရင်ဆိုင်အနိုင်ယူရမလဲဆိုတာကိုဟာသနှောပြီး တင်ဆက်ထားတဲ့ Dark Comedy/Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (820 MB) / (570 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:15:23 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်